ဆိုလာပြားကြောင့် ဖြစ်သည်ဟုဆိုသော မီးလောင်မှုတွင် နေအိမ်ပိုင်ရှင်အား အမှုဖွင့်

ဆိုလာပြားကြောင့် ဖြစ်သည်ဟုဆိုသော မီးလောင်မှုတွင် နေအိမ်ပိုင်ရှင်အား အမှုဖွင့်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် မေလ ၃ ရက်နေ့ ညနေ ၈ နာရီကျော် အချိန်ခန့််က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ မီးစတင်လောင်ကျွမ်းခဲ့သည့်   နေအိမ်ပိုင်ရှင်အား မေလ ၄ ရက်နေ့က စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှ အမှုဖွင့်အရေးယူမှုများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်၌ နေထိုင်သူ ဒေါ်နူလီမာဟာ၏ နေအိမ်၌တပ်ဆင်ထားသည့် ဆိုလာမီးအပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ်နှစ်လုံးခန့် ပျက်စီးခဲ့ရကြောင်းသိရသည်။

အိမ်ပိုင်ရှင်ဖြစ်သည့်  ဒေါ်နူလီမာဟာ အသက် ၆၀ နှစ်နှင့် ဦးမာမောက်အီနူ အသက် ၃၃ နှစ်တို့ နှစ်ဦးအား မီးပေါ့ဆမှုဖြင့် အမှတ် (၁) ရဲစခန်းမှ (ပ) ၆၀၉/၂၀၁၇ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်၌ လူစုလူဝေးအနည်းငယ်ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များမှ လုံခြံုရေးဖြင့်တားဆီးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အတွင်းနေထိုင်သူများက လာရောက်မီးငြိှမ်းသတ်မှုကြောင့် မေလ ၃  ရက်နေ့ ည ၁၀ နာရီအချိန်တွင် မီးငြိမ်သက်နိုင်ခဲ့ကြောင်း သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...