KIO နှင့် KNU ပါဝင်သော မြန်မာကုုိယ်စားလှယ်အဖွဲ့ အမေရိကန် ဖယ်ဒရယ်စနစ်လေ့လာနေ

KIO နှင့် KNU ပါဝင်သော မြန်မာကုုိယ်စားလှယ်အဖွဲ့ အမေရိကန် ဖယ်ဒရယ်စနစ်လေ့လာနေ
by -
မဇ္ဈိမ
အမေရိကန် ဖက်ဒရယ်စနစ်ဖြင့် အုုပ်ချုပ်ပုံုစနစ်ကုုိ လေ့လာရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် ကရင်အမျိုးသားအစည်းရုံး (KNU)တုုိ့ အပါအဝင် ကုုိယ်စားလှယ်များ အမေရိကန်နုုိင်ငံတွင် ရောက်ရှိနေသည်။

မြန်မာနုုိင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ကုုိ အထောက်အကူပြုနုုိင်ရန် အမေရိကန်ပြည်ထောင်စုု အစုုိးရ၏ ဖိတ်ကြားချက်အရ ဧပြီလ ၂၉ ရက်တွင် ဝါရှင်တန်ဒီစီသိုု့ ရောက်ရှိခဲ့ကြောင်း ၄င်းခရီးစဉ်တွင် ပါဝင်သူ ကချင်ပြည်နယ် လွတ်တော်ကုုိယ်စားလှယ် ဒေါ်မရန်ဂျာဆုုိင်းခေါန်၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

အမေရိကန်နုုိင်ငံ၏ ဖက်ဒရယ်စနစ်ဖြင့် အုုပ်ချုပ်ပုံုစနစ်ကုုိ အမေရိကန် နုုိင်ငံ ဝါရှင်တန်ဒီစီတွင် ၄ ရက်ကြာ လေ့လာခွင့်ရရှိခဲ့ပြီး ပြည်နယ်များ၏ အုုပ်ချုပ်ပုံုစနစ်ကုုိ Ohio State နှင့် Virginia ပြည်နယ်များသုုိ့ ၉ ရက်ကြာ သွားရောက်လေ့လာမည် ဖြစ်ကြောင်း ရေးသားထားသည်။

၄င်းမြန်မာကုုိယ်စားလှယ် ၁၅ ဦးအဖွဲ့တွင် အဆုုိပါ တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့ ၂ ဖွဲ့မှ အရာရှိများ၊ မြန်မာ့တပ်မတော် စစ်တက္ကသိုုလ်နှင့် ရေတပ်မှ ဦးဆောင်ရာရှိများ၊ ပြည်ထောင်စုု လွတ်တော်၊   ပြည်သူ့လွတ်တော်၊ ကချင်ပြည်နယ်လွတ်တော်မှ ကုုိယ်စားလှယ်များ၊ ပြည်ထောင်စုု ရှေ့နေချုပ်ရုံုးနှင့် ဥပဒေလေ့လာစိစစ်ရေးကော်မတီနှင့် စီမံန်ကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးနယ်ပယ်ပညာရှင်များနှင့် သတင်းတပ်ဖွဲ့များ ပါဝင်ကြောင်း သိရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...