မြန်မာနုုိင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်ကုုိ အထောက်အကူပြုနုုိင်ရန် အမေရိကန်ပြည်ထောင်စုု အစုုိးရ၏ ဖိတ်ကြားချက်အရ ဧပြီလ ၂၉ ရက်တွင် ဝါရှင်တန်ဒီစီသိုု့ ရောက်ရှိခဲ့ကြောင်း ၄င်းခရီးစဉ်တွင် ပါဝင်သူ ကချင်ပြည်နယ် လွတ်တော်ကုုိယ်စားလှယ် ဒေါ်မရန်ဂျာဆုုိင်းခေါန်၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
အမေရိကန်နုုိင်ငံ၏ ဖက်ဒရယ်စနစ်ဖြင့် အုုပ်ချုပ်ပုံုစနစ်ကုုိ အမေရိကန် နုုိင်ငံ ဝါရှင်တန်ဒီစီတွင် ၄ ရက်ကြာ လေ့လာခွင့်ရရှိခဲ့ပြီး ပြည်နယ်များ၏ အုုပ်ချုပ်ပုံုစနစ်ကုုိ Ohio State နှင့် Virginia ပြည်နယ်များသုုိ့ ၉ ရက်ကြာ သွားရောက်လေ့လာမည် ဖြစ်ကြောင်း ရေးသားထားသည်။
၄င်းမြန်မာကုုိယ်စားလှယ် ၁၅ ဦးအဖွဲ့တွင် အဆုုိပါ တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့ ၂ ဖွဲ့မှ အရာရှိများ၊ မြန်မာ့တပ်မတော် စစ်တက္ကသိုုလ်နှင့် ရေတပ်မှ ဦးဆောင်ရာရှိများ၊ ပြည်ထောင်စုု လွတ်တော်၊ ပြည်သူ့လွတ်တော်၊ ကချင်ပြည်နယ်လွတ်တော်မှ ကုုိယ်စားလှယ်များ၊ ပြည်ထောင်စုု ရှေ့နေချုပ်ရုံုးနှင့် ဥပဒေလေ့လာစိစစ်ရေးကော်မတီနှင့် စီမံန်ကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးနယ်ပယ်ပညာရှင်များနှင့် သတင်းတပ်ဖွဲ့များ ပါဝင်ကြောင်း သိရသည်။







