မရမာကြီး တိုင်းရင်းသားမျိုးနွယ်စုများ၏ ပထမဦးဆုံး ဖိုရမ်စစ်တွေတွင် ကျင်းပ

မရမာကြီး တိုင်းရင်းသားမျိုးနွယ်စုများ၏ ပထမဦးဆုံး ဖိုရမ်စစ်တွေတွင် ကျင်းပ
by -
မဇ္ဈိမ
ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်ဖြစ်သော မာရမာကြီး တိုင်းရင်းသားများ၏ ပထမဦးဆုံးသော ဖိုရမ်ကို စစ်တွေမြို့၌ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ကြသည်။

ဖိုရမ်ကို ရခိုင်ပြည်နယ် ဒေသအနှံ့အပြားမှ မာရမာ လူမျိုးများအပါအဝင် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ လာရောက်ခဲ့ကြသည်။

“ ဖိုရမ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အနယ်နယ်အရပ်ရပ်က တကွဲတပြားဖြစ်နေတဲ့ မရမာလူမျိုးတွေကို စုစည်းစေချင်တဲ့ဆန္ဒကြောင့်ပါ။ တချို့ မရမာတွေဆို သွေးနှောသွားကြတာ ရှိပြီး လူမျိုးအဖြစ် ခံယူဖို့တောင် သိမ်ငယ်နေကြတာတွေ ရှိတယ်။ ဒါတွေကို လျော့နည်းစေချင်တာလည်း ပါပါတယ်” ဟု မရမာတိုင်းရင်းသား လူငယ်ဖိုရမ် ဖြစ်မြောက်ရေးကော်မတီဝင် ဦးအောင်ဆန်းဝင်းက ပြောသည်။

၂၀၁၄ ခုနှစ်က ထုတ်ပြန်သော သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်အတွင်း နေထိုင်သော မရမလူမျိုး ၁၀၀၀၀ ကျော် ရှိနေပြီး ၂၀၁၅-၁၆ ခုနှစ် သန်းခေါင်စာရင်းအရ ၉၀၀၀ ခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ယခု ကျင်းပပြုလုပ်သော ဖိုရမ်ကို မောင်တော၊ ကျောက်ဖြူ၊ မင်းပြားနှင့် စစ်တွေမြို့ရှိ မရမာ တိုင်းရင်းသား ၂၀၀ ခန့်က တက်ရောက်ခဲ့ကြပြီး မရမာလူမျိုးတို့၏ စုစည်းညီညွတ်မှုနှင့် အမျိုးသားစည်းလုံးညီညွတ်ရေး ရည်မှန်းချက်များအတွက်လည်း ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ကြောင်း ဖိုရမ်မှ သိရသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...