အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး လက်ရှိအစိုးရအားစောင့်ကြည့်သွားမည်ဟု ဆို

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး လက်ရှိအစိုးရအားစောင့်ကြည့်သွားမည်ဟု ဆို
by -
မဇ္ဈိမ
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် တောင်းဆိုရန် လက်ရှိအစိုးရအား အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်သွား မည်ဟု ဆိုခဲ့ပြီး မလိုက်လျောပါက   ကျောင်းသားများအနေဖြင့် ရွေးချယ်စရာမရှိဟု ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦးမှ ကိုမိုးထက်နေက ပြောသည််။

"ကျွန်တော်တို့ ဒါကိုပညာရေးမူအရ စွဲကိုင်ထားတုန်းပဲဖြစ်တယ်။ အစိုးရကို အချိန်တစ်ခုထိ စောင့်ကြည့်ရဦးမယ် လို့ မြင်တယ်။ဘယ်အချိန်မှာ လုပ်မလဲ။ ဘယ်လို ပုံစံလုပ်မလဲပေါ့။ အဲဒါတွေကို နောင်တစ်ချိန်မှာ မလိုက်လျော ဘူး။ ဆန့်ကျင်ဘက်အနေအထားကို သွားနေတယ်ဆိုရင်တော့ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိပါဘူး”ဟု ကိုမိုးထက်နေက ပြောသည််။

ဆက်လက်၍ “စာရွက်တွေပေါ်က တောင်းကြည့်တယ် မရဘူးဆိုရင် လမ်းမပေါ်ထွက်ပြီး တောင်းရတာပါပဲ။ ဒါ နောက်ဆုံး အခြေအနေကို ပြောတာပါ" ဟု ၎င်းက ပြောသည််။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ပေးရန် ကျောင်းသားများက ပြင်ဆင်ရေး ၁၁ ချက်တောင်းဆိုခဲ့ပြီး ပညာရေးမူဝါဒတွင် ကျောင်းသား၊ ကျောင်သူကိုယ်စားလှယ်များ ပါ၀င်ရေး၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင်ခွင့်၊ စာမေးပွဲစနစ် များပြင်ဆင်ရေးအပါအဝင် အခမဲ့မသင်မနေရပညာရေးစနစ်အား မူလတန်းသာမက အလယ်တန်းအထိတိုးမြှင့်ပေးရေး အစရှိသော အချက် ၁၁ ချက်အား  ယခင်အစိုးရလက်ထက်ကတည်းက တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အချက်များမှာ ယခု အစိုးရလက်ထက်အထိ ပြည့်စုံမှုမရှိသေးကြောင်းနှင့် ဗကသအနေဖြင့် အဆိုပါအချက်များအား စွဲကိုင်ထား ဆဲဖြစ်ကြောင်း ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေး တပ်ဦးမှ ကိုမိုးထက်နေက ပြောခဲ့သည််။

 “ လက်ရှိအစိုးရဟာ ပြည်သူလူထုက ရွေးချယ်တင်မြောက်ထားတယ်လို့ အားလုံးက နားလည်ထားကြတယ်။ နောက်တစ်ခါ သူတို့မှာလည်း တစ်ခြား အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ လုပ်ဖို့ရှိသေးတယ်လို့ နားလည်ထားကြတယ်။ အဲဒီအချိန်မှာ ကျောင်းသားတွေက ဒီအချက်တွေကို စွဲကိုင်ထားတုန်းဆိုပေမယ့် တရားဝင်တောင်းဆိုဖို့ကြတော့ နိုင်ငံရေးအရရော၊ တစ်ခြားအချက်တွေအရရော စဉ်းစားစရာတွေ ရှိနေသေးတယ်လို့ ကျွန်တော်မြင်တယ် " ဟု ကိုမိုးထက်နေက မဇ္ဈိမသို့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြောသည်။

ရန်ကုန်မြို့၊ ဖေဖော်ဝါရီလ ၂၅ရက်နေ့ ကျင်းပခဲ့သည့် "ပျိုမြစ်သူတို့ နိုင်ငံတော်" ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် လူငယ်နိုင်ငံရေးဆွေးနွေး ပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

မသန်စွမ်းပညာရေးပြောင်းလဲရေး ကိုယ်စားလှယ်တစ်ဦးဖြစ်သူကိုရဲဝင်းက အဆိုပါ ပြင်ဆင်ရေး ၁၁ ချက်ကို ထောက်ခံပြီး အစိုးရက အကောင်အထည်ဖော်နေသည့် အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းတွေ မှာလည်း ဒီအချက်တွေ ပါ၀င်အောင် ကြိုးစားသွား မည်ဖြစ်ကြောင်း သူက ပြောဆိုသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...