ပြည်သူလက်မခံသည့် နှစ်ရှည်စီမံကိန်းများ ပြန်လည်စိစစ်ပေးရန် လွှတ်တော်တွင် အဆိုတင်

ပြည်သူလက်မခံသည့် နှစ်ရှည်စီမံကိန်းများ ပြန်လည်စိစစ်ပေးရန် လွှတ်တော်တွင် အဆိုတင်
by -
မဇ္ဈိမ
 ပြည်သူများ သဘောမတွေ့၊ လက်မခံသည့် နှစ်ရှည်စီမံကိန်းများကို ပြန်လည်စိစစ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတစ်ရပ်ကို ပေါင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ဖေဖော်ဝါရီ ၂၂ရက်က လွှတ်တော်သို့ တင်သွင်းလိုက်သည်။

“နိုင်ငံတဝှမ်းလုံးရှိ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေပြီး ပြည်သူအများ သဘောမတွေ့၊ လက်မခံသော နှစ်ရှည်စီမံကိန်းများနှင့် ခေတ်အဆက်ဆက် အစိုးရမှ ခွင့်ပြုထားသော လုပ်ငန်းများကို ပြန်လည်စိစစ်ပေးရန်” အဆိုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

“ခေတ်အဆက်ဆက် အစိုးရလက်ထက်မှ ပြဿနာအဟောင်းများကို ရင်ဝယ်ပိုက်ထားရစမြဲဖြစ်ပြီး ပြည်သူလူထုမှာလည်း နေ့ရှိသ၍ ရင်ဆိုင်နေရတဲ့ ဆိုးကျိုးများကို ဆက်လက် မခံစားနိုင်ကြတော့ပါဘူး” ဟု အဆိုရှင် မိကွန်ချမ်းက လွှတ်တော်တွင် ပြောသည်။

အစိုးရသစ်လက်ထက်တွင် ဆောင်ရွက်မည့် စီမံကိန်းများအား ပြည်သူလူထု၏ ခံစားချက်များကို အလေးထားသောအားဖြင့် ပြည်သူတို့၏ အသံ၊ ဆန္ဒနှင့် သဘောထားများကို မှန်မှန်ကန်ကန် ဆောင်ရွက်ပေးနိုင်သည့် စိစစ်ရေးအဖွဲ့တစ်ရပ် ဖွဲ့စည်းကာ ပြည်သူလက်မခံသည့် နှစ်ရှည်စီမံကိန်းများအား စိစစ်ကာ ရပ်ဆိုင်းသင့်သည်များကို ရပ်ဆိုင်းပြီး ခွင့်ပြုသင့်သည်များကို ခွင့်ပြုပေးရန်လည်း မိကွန်ချမ်းက အဆိုတင်သွင်းစဉ် ပြောကြားသည်။

ယင်းအဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူသည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဖေဖော်ဝါရီ ၂၃ရက် နောက်ဆုံးထားပြီး အမည်စာရင်း ပေးသွင်းကြရန် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေငြာထားသည်။

အဆိုရှင် မိကွန်ချမ်းသည် အစိုးရသစ်လက်တွင် အသစ်ဖွဲ့စည်းလိုက်သော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၏ သမီးတော်စပ်သူ ဖြစ်သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...