KNU တပ်ရင်း ၈ မှ နေရာအချို့ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ကြောင်း ထုတ်ပြန်ထား

KNU တပ်ရင်း ၈ မှ နေရာအချို့ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ကြောင်း ထုတ်ပြန်ထား
by -
မဇ္ဈိမ
ပဲခူးတိုင်းဒေသကြီး မုန်းမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ရင်း ၈နယ်မြေပိုင် နေရာအချို့အား ဒေသခံများ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ကြောင်း KNU မှ ကြေညာချက်တစ်ခု ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သော အဆိုပါ ထုတ်ပြန်ချက်တွင် လူသုံးများနေသည့် လမ်းများမှအပ တောတွင်းသို့တက်ခြင်း၊ သွားလာခြင်း လုံးဝမပြုကြရန် အသိပေးကြောင်းပါရှိသည်။

ထိုသို့ ပိတ်ပင်ရခြင်းမှာ KNU တပ်မဟာ ၃၊ တပ်ရင်း ၈ နယ်မြေ ဖြစ်သည့် မုန်းမြို့နယ်တွင် တပ်မတော်ဘက်မှ ကားလမ်းဖောက်လုပ်နေပြီး KNU ဘက်မှ ခွင့်ပြုသတ်မှတ်နယ်မြေထက်   ကျော်လွန်နေသည့်သဘောကြောင့် ယခုလို ပိတ်ပင်ရခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) တွဲဖက်အတွင်းရေးမှူး ပဒိုမန်းမန်း က ပြောဆိုသည်။

“ အဓိကကတော့ အဲဒီနေရာတွေမှာက ကျွန်တော်တို့ KNU တွေရဲ့ တပ်မဟာ ၃ ဘက်ကို ဒါကို ညှိနှိုင်းမှုမရှိဘဲနဲ့ ကားလမ်းတို့ချဲ့ဖောက်လုပ်တာဖြစ်တဲ့အတွက်ကြောင့် တစ်စုံတရာ ကြားကာလမှာ ဒေသခံတွေကလည်းပဲ ကားလမ်းဘက်ကိုပဲ သွားဖို့ပေါ့နော်။ ကားလမ်းဘက်ကျော်လွန်ပြီး ဘေးပတ်ဝန်းကျင်တွေရှောင်ရှားဖို့အတွက်ဆိုတာကတော့ မလိုလားအပ်တဲ့လူထုတွေ ထိခိုက်နစ်နာမှုလေးတွေ မဖြစ်နိုင်အောင်အတွက် လူထုကို ကြိုတင်အကြောင်း ကြားတာဖြစ်ပါလိမ့်မယ် ”ဟု ပြောဆိုသည်။

အဆိုပါ ကားလမ်းဖောက်လုပ်မှုမှာ KNU တပ်ရင်း ၈ နယ်မြေအတွင်းရှိ ကော့ပြင်းကျေးရွာမှ သဲဖြူချောင်းဘက်ကို လမ်းဖောက်လုပ်နေခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမဲဆန္ဒနယ် အမှတ် ( ၁ ) လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူလွင်က “ တစ်ခါတစ်ခါတော့ ပိတ်တယ် ။ ဒီလိုပါပဲ။ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုလေးတွေ လွဲတဲ့အခါကြရင်တော့ အဲ့လိုပိတ်တာလေးတွေ၊ ဘာလေးတွေ ရှိပါတယ်။ အခုပိတ်တာကတော့ တပ်မတော်ဘက်က လမ်းဖောက်တယ်လို့ ပြောတယ်။ ကော့ပြင်းနဲ့ သဲဖြူချောင်းကိုပေါ့ ။ လမ်းဖောက်လို့ဆိုပြီးတော့လုပ်တဲ့အခါမှာ အဲ့လိုကြိုတင်ညှိနှိုင်းမှု လေးတွေလုပ်တော့ KNU ဘက်ကလည်း သူတို့တင်ပြဦးမယ်ပေါ့၊ တင်ပြပြီးတော့မှ ဗဟိုရဲ့ခွင့်ပြုချက်ရရင် လုပ်ပါဆိုပြီးတော့   ပြောထားတာ။ တင်ပြနေတဲ့ စပ်ကြားလေးမှာ မလုပ်ဖို့ပါပဲ ” ဟု ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ မုန်းမြို့နယ် ဒုတပ်ရင်းမှူး အပါအဝင် ၃ ဦး၊ KNU ဘက်မှ တာဝန်ရှိသူများနှင့် မုန်းမြို့နယ် အုပ်ချုပ်ရေးမှူးတို့ တွေ့ဆုံဆွေးနွေးကြပြီး သဘောတူညီချက်အချို့ ရခဲ့သည်ဟု ဦးစည်သူလွင်ပြောချက်အရ သိရသည်။

လက်ရှိတွင် တပ်မတော်ဘက်မှလည်း အဆိုပါ ထုတ်ပြန်စာကြောင့် လုပ်ငန်းများ ခေတ္တရပ်ဆိုင်းသည်ဟု သိရသည်။

အဆိုပါ ထုတ်ပြန်စာနှင့် ပက်သက်ပြီး ဖဒိုမန်းမန်းက “ ဗဟိုအနေနဲ့လမ်းညွှန်ထားတာရှိပါတယ် ၁ အချက်ကတော့ လမ်းဖောက်တဲ့နရာမှာ အစိုးရ အထူးသဖြင့် စစ်တပ်က စစ်ဆင်ရေးလို့ ခေါ်ဆိုတဲ့နယ်မြေတွေ သို့တည်းမဟုတ် စစ်ဆင်ရေးဆင်နိုင်တဲ့အခြေနေမျိုးမှာရှိတဲ့ဟာမျိုးတွေကိုတော့ ဖောက်ခွင့်မပေးဘူးပေါ့နော် ။ အဓိက ကတော့ စစ်တပ်ဘက်ရဲ့ စစ်ဆင်ရေးကို အခြေခံတဲ့လမ်းမျိုးကိုတော့ ဖြစ်မယ်ဆိုရင်တော့ ခွင့်ပြုမှုမပေးဘူးဆိုတာမျိုး ။ ဒါကလည်း NCA ထိုးပြီးတဲ့နောက်ပိုင်းမှာ စစ်ရေး ပဋိပက္ခတွေ ထပ်မဖြစ်အောင်ပေါ့နော် ။ တားဆီးနိုင်ဖို့အတွက်ပေါ့ ” ဟု ပြောဆိုသည်။

လက်ရှိတွင် သွားလာခွင့် ပိတ်ပင်ထားဆဲဖြစ်ပြီး နောက်ထပ် အသိပေးထုတ်ပြန်ကြေညာချက် မထုတ်ပြန်မချင်း ပြည်သူများအားလုံး လိုက်နာဆောင်ရွက်ကြရန် ဟူ၍လည်း ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

KNU သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလက ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် ရပ်စဲရေး စာချုပ်မူကြမ်း (NCA)ကို အခြား လက်နက်ကိုင် အဖွဲ့အစည်း ရဖွဲ့နှင့် အတူ လက်မှတ် ရေးထိုးခဲ့သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...