ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံ မျှော်မှန်းထားသည်ထက် ထပ်မံရွှေ့ဆိုင်းဖွယ်ရာရှိ

ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံ မျှော်မှန်းထားသည်ထက် ထပ်မံရွှေ့ဆိုင်းဖွယ်ရာရှိ
by -
မဇ္ဈိမ
ဒုတိယအကြိမ်မြောက်ကျင်းပမည့် ၂၁ရာစု ပင်လုံညီလာခံကို ၂ ပတ် နောက်ဆုတ်ထားရာမှ ၎င်းထက်ပို၍ နောက်ကျဖွယ်ရာရှိကြောင်း နိုင်ငံရေးသုံးသပ်သူများနှင့် တိုင်းရင်းသားအဖွဲ့အစည်းအချို့က ခန့်မှန်းနေကြသည်။

မူလက ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် ကျင်းပရန်စီစဉ်ထားသော်လည်း ရှမ်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမျိုးသားအဆင့်   နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန် ကျန်ရှိနေပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ (UPDJC) အစည်းအဝေးကျင်းပရန်လည်း ရှိနေသောကြောင့် ၂ ပတ် ရွှေ့ဆိုင်းခဲ့သည်။

အဆိုပါ ရက်ရွှေ့ဆိုင်းမှုများအား ရလဒ်ကောင်းများ ရမည်ဆိုလျှင် ညီလာခံရွှေ့ဆိုင်းခြင်းသည်  လုပ်သင့်သော ကိစ္စဟု ထင်မြင်ကြောင်း မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက   ဖေဖော်ဝါရီလ ၂၁ ရက်တွင် မဇ္ဈိမသို့ ပြောသည်။

“အရင်တုန်းက ၆ လ တစ်ကြိမ် ကျင်းပမယ်လို့ ကတိပြုထားတာရှိပါတယ်။ အခုဘာဖြစ်လို့ ရွှေ့ရသလဲဆိုတော့ တစ်ဘက်မှာလည်း တစ်ချို့ပြင်ဆင်မှုလုပ်ငန်းတွေ မပြီးသေးဘူးလို့ သိရပါတယ်။ နောက်တစ်ဘက်မှာ ကျတော့လည်း လက်တွေ့ကျတဲ့အခက်အခဲတွေ ရှိတယ်။ KNU က သူတို့ညီလာခံကို မတ်လအလယ် လောက်မှာလုပ်မယ် စသည်ဖြင့်ပေါ့။ ကျွန်တော်တို့ ကြားတာတော့ ဒီ့ထက်ပိုပြီးတော့ အနောက်ကို ရွှေ့သွားဖို့ ရှိတယ်လို့ ထင်ရပါတယ်။ ဘာပဲဖြစ်ဖြစ် ရလဒ်ကောင်းမယ်ဆိုရင်တော့ ညီလာခံရွှေ့ဆိုင်းတာ လုပ်သင့်တဲ့ ကိစ္စလို့ ထင်ပါတယ်” ဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက ပြောပါတယ်။

ထိုကဲ့သို့ ၂ ပတ်နောက်ဆုတ်ထားသည့်အချိန်တွင် NCA အပစ်ရပ်လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ပါဝင်သည့် UNFC က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်   တွေ့ဆုံရန် တောင်းဆိုခဲ့ရာ UNFC နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မတ်လ ၁ ရက်နေ့တွင် တွေ့ဆုံရန် ယမန်နေ့( ဖေဖော်ဝါရီလ ၂၀ ရက်) က အတည်ပြုနိုင်ခဲ့သည်။

ယင်းနောက် သီတင်း ၂ ပတ် အပြင် ထပ်မံနောက်ဆုတ်နိုင်သည်ဆိုသည့် ခန့်မှန်းချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ပထမအကြိမ် ၂၁ရာစု ပင်လုံညီလာခံတွင် NCA အပစ်ရပ်လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင် အဖွဲ့များကို လက်မှတ်ထိုးရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...