ငြိမ်းချမ်းရေး အပါအဝင် ကဏ္ဍတိုင်း ကချင်တစ်မျိုးသားလုံး စုပေါင်းလုပ်ဆောင်သွားရန် ဆုံးဖြတ်

ငြိမ်းချမ်းရေး အပါအဝင် ကဏ္ဍတိုင်း ကချင်တစ်မျိုးသားလုံး စုပေါင်းလုပ်ဆောင်သွားရန် ဆုံးဖြတ်
by -
မဇ္ဈိမ
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်သော ကချင်အမျိုးသားတွေ့ဆုံပွဲမှ ကချင် တစ်မျိုးသားလုံးနှင့် သက်ဆိုင်သော မြေနေရာကိစ္စများ အပါအဝင် ကဏ္ဍအသီးသီးတွင် စုပေါင်း လုပ်ဆောင်သွားရန် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်နေ့ထိ သုံးရက်ကြာ ငြိမ်းချမ်းရေးလုပ်ငန်စဉ်တွင် ကချင်အမျိုးသားများ၏ အခန်းကဏ္ဍကို သိရှိရန်နှင့် ထိုအခန်းကဏ္ဍများကို လုပ်ဆောင်နိုင်ရန် ကြိုတင်ပြင်ဆင်သောအားဖြင့် ကချင်အမျိုးသား တွေ့ဆုံပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ကျင်းပ၍ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ကချင်အမျိုးသားများနှင့် သက်ဆိုင်သည့် လယ်ယာမြေ၊ ငြိမ်းချမ်းရေး၊ စစ်ရှောင်ဒုက္ခသည်များ၊ အမျိုးသမီးအရေး၊ လူငယ်များ၊ မူးယစ်ဆေးဝါး၊ ကချင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိစ္စရပ်များ အပါအဝင် အချက် ၁၇ ချက်ကို စုပေါင်း လုပ်ဆောင်သွားရန် တွေ့ဆုံပွဲမှ ဆုံးဖြတ်ခဲ့သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးအင်ခွမ်တန်ခွန်းက ပြောသည်။

“ရှေ့လုပ်ငန်းစဉ်က ကချင်အမျိုးသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရက်တွေကို စုပေါင်းလုပ်ဆောင်သွားကြဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တယ်။ နောက်ပြီး ကချင်အမျိုးသားလုံးနဲ့ ပတ်သက်တဲ့ ဘိုးဘွားပိုင်မြေနေရာ၊ အစိုးရ၊ စစ်တပ်နဲ့ ကုမ္ပဏီတွေဘက်မှ သိမ်းယူထားတဲ့ မြေနေရာတွေကို ပြန်ရရှိဖို့ ရွာသားတွေပဲ လုပ်ဆောင်နေတာ မဟုတ်ဘဲ  ကချင်တစ်မျိုးသားလုံးက စည်းစည်းလုံးလုံး လုပ်ဆောင် သွားမယ်ဆိုတာတွေ သဘောတူညီခဲ့ကြတယ်”ဟုသူက မဇ္စျိမကို ပြောသည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ကချင်လူမျိုးများ၏ အရေးအရာ ကိစ္စရပ်များအတွက် ပါဝင်လုပ်ဆောင် ဆွေးနွေးရန် ကချင်အမျိုးသား ကိုယ်စားလှယ် ၁၀၀ ဦးကို ရွေးချယ်အတည်ပြုခဲ့သည်။

၂၁ ရာစုပင်လုံ၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင် ့အခြေအနေများကို ရှင်းလင်းပြပြခြင်း၊ ၂၁ ရာစုပင်လုံတွင် ဆွေးနွေးတင်ပြမည့် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ရန် ပြင်ဆင်သော အခြေအနေအဆင့်ဆင့်ကို တင်ပြဆွေးနွေးခြင်းဖြစ်ပြုလုပ်ခဲ့သည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သုံးရက်ကြာ ကျင်းပသော ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတွင်းရှိ ကချင်လူထုကိုယ်စားလှယ် ၈၄၅ ဦးနှင့် ကချင်လူမှုအဖွဲ့အစည်း ပေါင်း ၂၁ ဖွဲ့တို့ တက်ရောက်ခဲ့သည်။

၂၁ ရာစုပင်လုံ ဆွေးနွေးပွဲသည် ၁၉၄၈ ပင်လုံစာချုပ်နှင့် ပင်လုံ ကတိကဝတ်များကို အခြေခံသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ဖော်ဆောင်နိုင်မည့် ညီလာခံဖြစ်ရန် လိုလားကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလက်မှတ် မထိုးသေးသော တိုင်းရင်းသား လက်နက်ကိုင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ အားလုံး ပါဝင်ခွင့်ပြုရန်၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဟန့် အတားဖြစ်စေသည့် ကချင်ဒေသ အပါအဝင် တိုင်းရင်းသား ဒေသများတွင် တပ်မတော်မှ ထိုးစစ်ဆင်မှုများကို လုံးဝ ရပ်ဆိုင်းရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား အကြမ်းဖက် သောင်းကျန်းသူဟု သတ်မှတ်ခြင်းမှ ပယ်ဖျက်ပေးရန် တောင်းဆိုထားသည်။

ထို့ပြင် စစ်ရှောင်ဒုက္ခသည်များကို နိုင်ငံတော် အစိုးရမှ လူသားခြင်း စာတနာမှု ဆိုင်ရာအထောက်အပံ့များ ကူညီပံ့ပိုးပေးရန်နှင့် ပြည််တွင်း ပြည်ပ လူသားခြင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းများအား ပံ့ပိုးမှု လွတ်လပ်စွာ ခွင့်ပြုရန်၊ စစ်ရှောင်ဒုက္ခသည်များနှင့် ပြည်သူများကို ထိခိုက်မှုများအား ကာကွယ်ရန် လူနေဒေသများသို့ စစ်တပ်များတပ်စွဲခြင်း၊ ပစ်ခတ်ခြင်းများ မပြု လုပ်ရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်ပါက ထိရောက်စွာ အရေးယူပေးရန်၊ စစ်ရှောင်ဒုက္ခသည်များ မိမိနေရပ်သို့ ဘေးအန္တရာယ် ကင်းရှင်းစွာ ပန်နိုင်ရန် အစိုးရနှင့် ပြည်တွင်းပြည်ပ လူမှုအဖွဲ့ အစည်းများ ပူးပေါင်းဆောင်ရွက်ရေး အမြန်ဆုံးစတင်ဆောင်ရွက်ရန် တောင်းဆိုထားသည်။

ပွဲကျင်းပမည့် ပထမရက်တွင် မဂျွယ်ခန်းမအား ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၏ ညွန်ကြားချက်ဖြင့် ပြည်နယ် ရဲတပ်ဖွဲ့မှ တားဆီးခဲ့သေ်ာလည်း သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ကချင် အမျိုးသား ခေါင်းဆောင်များ ပြန်လည် ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် ညနေ ၃ တွင် ပွဲကျင်းပခွင့် ရခဲ့ခြင်း ဖြစ်သည်။

ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)မှ ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး မူလက ကချင်အမျိုးသားညီလာခံ အမည်ဖြင့် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ပြည်နယ်အစိုးရမှ ခွင့်မပြုသဖြင့် ကချင်အမျိုးသားတွေ့ဆုံပွဲ အမည်ဖြင့် ကျင်းပခဲ့သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...