ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တွင် ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးကို အဓိကဆွေးနွေးမည်

ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တွင် ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးကို အဓိကဆွေးနွေးမည်
by -
မဇ္ဈိမ
ဓာတ်ပုံ-စိုးသူရ
ဓာတ်ပုံ-စိုးသူရ
ပထမဆုံးအကြိမ်ကျင်းပမည့် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်တွင်  ငြိမ်းချမ်းရေးအပါအဝင်  နိုင်ငံတည်ဆောက်ရေးနှင့် ပတ်သက်သည့်လိုအပ်ချက်များကို ဆွေးနွေးကြမည်ဟု ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကော်မတီဝင်များမှ ပြောကြားခဲ့သည်။

တောင်ကြီးမြို့တွင် ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၃ ရက်နေ့အထိ အရပ်ဘက်အဖွဲ့အစည်းများဘက်မှ အကြိုဆွေးနွေးပွဲကို  ဦးဆောင်ကျင်းပမှာဖြစ်ပြီး နိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်ကို ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၅ ရက်နေ့အထိ နေပြည်တော်တွင် ကျင်းပမည်ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်ကို  ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) မှ ဦးဆောင်ကျင်းပမည်ဖြစ်သည်။

“မလိုအပ်ဘဲ ကုန်နေတဲ့ စစ်အသုံးစရိတ်ဟာ ကျွန်မတို့ တိုင်းပြည်ပြန်လည်ထူထောင်ဖို့ဆိုရင် အဲဒီဘဏ္ဍာတွေကို အသုံးချမယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို အထောက်အပံ့ဖြစ်စေမှာပေါ့။ ခုကျတော့ ဒီစစ်ပွဲတွေအတွက် သုံးနေတဲ့ ငွေကြေးတွေက ကျွန်မတို့ရဲ့ နိုင်ငံတည်ဆောက်ရေးအတွက်ကို ဆုံးရှံုးမှုတွေ ဖြစ်စေတယ်” ဟု ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းဖိုရမ်ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် ဒေါ်စိုးစိုးနွယ်က ပြောသည်။

ငြိမ်းချမ်းရေးဆိုရာတွင် ၂၁ ရာစု ပင်လုံတစ်ခုတည်းကို ဦးတည်ထားခြင်း မဟုတ်ဘဲ  မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးထူထောင်နိုင်ရန်အတွက် အထောက်အပံ့ဖြစ်စေရန် အစိုးရတပ်မတော်နှင့် တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့ အားလုံးကို ပူးပေါင်းဆောင်ရွက်သွားမည်ဟု  အရပ်ဘက်အဖွဲ့အစည်းများက ဆိုသည်။

“ဘယ်လောက်ထိ ထိရောက်နိုင်လဲဆိုတာက အစိုးရရဲ့ Process ပေါ်မှာ ဆိုတော့ ဒီ UPDJC ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအနေနဲ့ နားလည်မှု အပေါ်မှာ ပိုပြီးတော့ မူတည်တယ်။ ပြည်သူတွေဘက်ကတော့ ပြည်သူတွေတကယ်လိုလားနေတဲ့အချက်တွေကို တင်ပြနိုင်ပြီးတော့ အဲဒီအချက်တွေကို သူတို့သာ တကယ်ယူသွားမယ်ဆိုရင် ဒါဟာ အရမ်းထိရောက်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရပဲဖြစ်ဖြစ်၊ တပ်မတော်ပဲဖြစ်ဖြစ်၊ လက်နက်ကိုင်ပဲဖြစ်ဖြစ်၊ နိုင်ငံရေးပါတီပဲဖြစ်ဖြစ်၊ CSO ပဲဖြစ်ဖြစ် အားလုံးက စပြီး ဒီအလုပ်တွေကို လုပ်ခဲ့စဉ်ကတည်းက ပြည်သူအတွက်ဆိုပြီး ကြွေးကြော်ပြီး လုပ်သွားခဲ့ကြတာပဲ” ဟု ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းဖိုရမ် ဖြစ်မြောက်ရေးကော်မတီဝင် ဦးသွင်လင်းအောင်က ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းဖိုရမ်က ထွက်ရှိလာသည့်စာတမ်းများကို ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံကို တင်သွင်းနိုင်မည်မဟုတ်သေးပေ။ တတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံတွင်သာ တင်သွင်းနိုင်မည်ဖြစ်သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...