မေယုစစ်ဆင်ရေး နှစ်ပတ်အတွင်း မြန်မာကျပ်ငွေ ၁၀ ဒသမ ၁၀၆ သိန်းတန်ဖိုးရှိ ဆေးပြားများဖမ်းမိ

မေယုစစ်ဆင်ရေး နှစ်ပတ်အတွင်း မြန်မာကျပ်ငွေ ၁၀ ဒသမ ၁၀၆ သိန်းတန်ဖိုးရှိ ဆေးပြားများဖမ်းမိ
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်၌ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင် ဆောင်ရွက်ခဲ့သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးစီမံချက် မေယုစစ်ဆင်ရေးသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ရက်သတ္တနှစ်ပတ်အတွင်း အမှု ၈ မှုနှင့် တရားခံ ကျား ၈ ဦး မ ၂ ဦး အထိ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးမှုများမှာ စစ်တွေနှင့် မောင်တောမြို့များတွင် ဖမ်းဆီးမိခြင်းဖြစ်ပြီး စိတ်ကြွဆေးပြား ၄ ဒသမ ၁၆ သိန်း၊ ဘိန်းဖြူ (၂) ဂရမ်၊ ကာလတန်ဖိုး (၁၀ ဒသမ ၁၀၆) သိန်းအထိ ရရှိပြီးဖြစ်ကြောင်း   မေယုစစ်ဆင်ရေးမှူး ရဲမှူးကြီးရွှေညာမောင် ကပြောသည်။

“အဖွဲ့ဝင် ၂၅၁ ဦးနဲ့ ဆောင်ရွက်နေကြတာပါ။ ပြီးဆုံးမယ့်အချိန်တော့ ပြောလို့မရပါဘူး။ လိုရင်လိုသလောက် လုပ်သွားမှာပါ။ မှုးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်အစိုးရက ဒီဘက်မှာ ဖမ်းဆီးမှုတွေများလာတယ်။ ရောင်းဝယ်မှုတွေ များလာတယ်။ ကလေးတွေအပေါ်မှာ မှုးယစ်ဆေးဝါးအန္တရာယ်တွေ ကျရောက်လာမှာ စိုးရိမ်တဲ့အတွက် စာနဲ့တင်ပြတယ်။ ထူးခြားဖြစ်စဉ်တွေမှာ နောက်ကွယ်က ဖမ်းဆီးမိတဲ့သူတွေကို အရေးယူဆောင်ရွက်ဖို့အတွက် အစိုးရအဖွဲ့က စာတင်တယ်။ ဒါကြောင့် နိုင်ငံတောာ်အနေနဲ့ ရခိုင်ပြည်နယ်က မူးယစ်ဆေးဝါးပြဿနာတွေကို စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ဆောင်ရွက်ဖို့ချမှတ်တာပါ” ဟု မေယုစစ်ဆင်ရေးမှူး ရဲမှူးကြီးရွှေညာမောင်က ပြောသည်။

မေယုစစ်ဆင်ရေး၏ လုပ်ငန်းစဉ်များမှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အောက်တိုဘာ ၉ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်းတွင် စတင်ခဲ့သည့်စစ်ဆင်ရေးတစ်ရပ်ဖြစ်သော်လည်း ယင်းဖြစ်စဉ်နှင့် တိုက်ရိုက်ပတ်သက်မှု မရှိကြောင်း၊ မှုးယစ်ဆေးဝါး သယ်ယူပို့ဆောင်သူများ နှင့် ကွင်းဆက်တရားခံများကို ဖော်ထုတ်နိုင်ရေး ကြိုးပမ်းဆောင် ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

မေယုစစ်ဆင်ရေးနှင့် ပတ်သက်ပြီး မောင်တောမြို့မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က “တကယ်လုပ်တဲ့သူတွေကို တကယ်ဖော်ထုတ်တာမျိုးလုပ်ရမှာပါ။ အဓိကက တိုင်းရင်းသားတွေဟာ သယ်ဆောင်သူအဆင့်ပဲရှိပါတယ်။ မောင်တာလိုနေရာမျိုးမှာ စစ်ဆင်ရေးတစ်ရပ်ဆိုတာထက် အမြဲတမ်းရှိနေသင့်ပါတယ်” ဟု သူ၏ အမြင်ကို ပြောသည်။

မောင်တောမြို့ ရွှေဗဟိုကျောင်းတိုက်မှ ဖမ်းဆီးမိခဲ့သည့် စိတ်ကြွဆေးပြား ၄၂ ဒသမ ၄ သိန်းနင့် လက်နက်များမှာ ဖမ်းဆီးရရှိသည့် အမှုများအနက် အရေအတွက်အများဆုံးဖြစ်ပြီး ဆက်နွယ်သူသုံးဦးကိုလည်း ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...