၂၁ ရာစုပင်လုံ ညီလာခံအတွက် ပြင်ဆင်သည့် ကချင်အမျိုးသားညီလာခံ ကျင်းပမည်

၂၁ ရာစုပင်လုံ ညီလာခံအတွက် ပြင်ဆင်သည့် ကချင်အမျိုးသားညီလာခံ ကျင်းပမည်
by -
မဇ္ဈိမ
၂၁ ရာစု ပင်လုံ ညီလာခံအတွက် ကြိုတင်ပြင်ဆင်သော ကချင်အမျိုးသားညီလာခံတစ်ရပ်ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မနောကွင်းတွင် ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်များတွင် ကျင်းပမည် ဖြစ်သည်။

ကချင်အမျိုးသားညီလာခံတွင် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်မည့် ကချင်လူထု ကိုယ်စားပြုများ ရွေးချယ်ခြင်း၊ ညီလာခံတွင် ဆွေးနွေးရမည့် အခန်းကဏ္ဍများကို ကြိုဆင်ပြင်ဆင်ထားခြင်းများ   ပြုလုပ်မည် ဖြစ်သည်ဟု ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့(WMR)မှ လူငယ်တာဝန်ခံ ဦးအင်ခွမ်တန်ဂွန်းက ပြောသည်။

“၂၁ ရာစု ပင်လုံညီလာခံအတွက် ကြိုဆင်ပြင်ဆင်တာဖြစ်တယ်။ ၂၁ ပင်လုံမှာ ဆွေးနွေးရမယ့် အခန်းကဏ္ဍတိုင်းမှာ ဆိုင်ရာဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှာ ဖြစ်တယ်။ ကချင်အမျိုးသားတွေအတွက် အမျိုးသားရေးမှာ လုပ်ဆောင်တဲ့နေရာမှာ ပါဝင်မဲ့ ကချင်လူထုကိုယ်စားပြု ကိုယ်စားလှယ်တွေ အဓိက ရွေးချယ်မှာ ဖြစ်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။

ကချင်အမျိုးသား ညီလာခံကို ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR)မှ ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး  ယင်းညီလာခံတွင် လာမည့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံသို့ တက်ရောက်မည့် ကချင်လူထု ကိုယ်စားပြု ကိုယ်စားလှယ် ၁၀၀ ကို ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ညီလာခံ တက်ရောက်ရန်အတွက် ကချင်လူထုအတွင်းရှိ ကချင်လူထု အခြေပြုအဖွဲ့အစည်းများ၊ ကချင်ဘာသာရေး ပေါင်းစုံ၊ လူငယ် အမျိုးသမီးအဖွဲ့အစည်းများ အားလုံးမှ ကိုယ်စားပြုကိုယ်စား လှယ်များ တက်ရောက်ရန် လူပေါင်း ၆၀၀ ခန့်ကို ဖိတ်ကြားထားသည်။

ကချင်နိုင်ငံရေးပါတီ ၄ ပါတီဖြင့် စုဖွဲ့ထားသည့် ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (KPCC)ကလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့က ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (မူကြမး်) တင်ပြနိုင်ရန် ကချင်တစ်မျိုးသားလုံးဆိုင်ရာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (အကြို) ကျင်းပခဲ့သည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မထိုးသေးသဖြင့် တရားဝင် ပြုလုပ်ခွင့်မရသဖြင့် အကြိုအဖြစ်သာ ကျင်းပ၍ ကြိုဆင် ပြင်ဆင်နေကြသည်။

WMR သည် ကချင်လူထုအတွက် နိုင်ငံရေး၊ လူမှုရေး လုပ်ငန်းများတွင် အဓိက လုပ်ဆောင်နေပြီး မြို့နယ်အသီးသီးမှဒေသခံ ကိုယ်စားလှယ်များ၊ ဘာသာရေးခေါင်းဆောင်များ ပါဝင် ဖွဲ့စည်းထားသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...