ရခိုင်မဟာမုနိဘုရား စလွယ်တော်ဖြုတ်သိမ်းရေးဆန္ဒပြပွဲမှ အဖွဲ့ခေါင်းဆောင် တရားစွဲခံရ

ရခိုင်မဟာမုနိဘုရား စလွယ်တော်ဖြုတ်သိမ်းရေးဆန္ဒပြပွဲမှ အဖွဲ့ခေါင်းဆောင် တရားစွဲခံရ
by -
မဇ္ဈိမ
ရခိုင်ရှေးဟောင်း ဓညဝတီယဉ်ကျေးမှု နယ်မြေ၊ ကျောက်တော်မြို့ရှိ မဟာမြတ်မုနိ ဆင်းတုတော်၏ စလွယ်တော် အပါအဝင် မကိုဋ်တော်နှင့် နားတောင်းများအား ဖြုတ်သိမ်းပေးရေး ဆန္ဒပြအဖွဲ့ ခေါင်းဆောင်များကို မြို့နယ်ရဲစခန်းမှ တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

“ ဖမ်းဆီး အရေးယူထားတာမျိုးတော့ မဟုတ်ပါဘူး။ သူတို့က ဆန္ဒပြရာမှာ စည်းကမ်းချက်နဲ့မကိုက်ညီပါဘူး။ အဲ့ဒါကြောင့်  ဆန္ဒဖော်ထုတ်တဲ့ ခေါင်းဆောင်နှစ်ဦးကို အမှုဖွင့်တာပါ ” ဟု ကျောက်တော်မြို့ရဲစခန်းမှ ဒုရဲအုပ်ဦးစိုးလှိုင်က ပြောသည်။

ဆန္ဒပြအဖွဲ့ကို သက်ဆိုင်ရာမှ သတ်မှတ်လူအရေအတွက် ၁၀၀၀ ခွင့်ပြုထားခြင်းဖြစ်သော်လည်း လာရောက်သူ ၂၀၀၀ ခန့်ရှိခဲ့သည်။

တရားစွဲဆိုခံထားရသည့် ဆန္ဒပြခေါင်းဆောင်နှစ်ဦးမှာ ကျောက်တော်မြို့နယ် ရှမ်းရာရပ်ကွက်နေ ဦးကျော်အေးနှင့် ဦးအေးကျော်တို့ ဖြစ်ပြီး ၎င်းတို့ကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ အရ တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“ အမှူဖွင့်ခံထားရတာ ဟုတ်ပါတယ်။ အမှုဖွင့်တာကတော့  သူတို့ပြောပုံအရ သတ်မှတ်ထားတဲ့ စည်းကမ်းချက်နှင့်မကိုက်ညီလို့ ပြောပါတယ်။ကျွန်တော်တို့ကတော့ အမှုကို တတ်နိုင်သမျှ ရင်ဆိုင်ဖြေရှင်းသွားပါမယ်” ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သော ဒေသခံ တက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်းက ပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲကို ဖေဖော်ဝါရီ ၅ ရက်နေ့က ကျောက်တော်မြို့နယ်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...