မြောက်ဦးမြို့ ယူနက်စ်ကို ဝင်ရောက်ရန်ခေါ်ယူခြင်းမှာ အိမ်များကိုဖြိုပစ်ရန်မဟုတ်ဟု ပြော

မြောက်ဦးမြို့ ယူနက်စ်ကို ဝင်ရောက်ရန်ခေါ်ယူခြင်းမှာ အိမ်များကိုဖြိုပစ်ရန်မဟုတ်ဟု ပြော
by -
မဇ္ဈိမ
ဓာတ်ပုံ-မင်းမျိုးနွယ်
ဓာတ်ပုံ-မင်းမျိုးနွယ်
 မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား ထိန်းသိမ်းမှုများပြုလုပ်နိုင်ရန်အတွက် ယူနက်စ်ကိုအားခေါ်ယူခြင်းမှာ လူနေအိမ်များကို ဖြိုဖျက်ရန်အတွက် ရည်ရွယ်ခြင်းမဟုတ်ဘဲ အကူအညီများရယူရန်အတွက်သာဖြစ်ကြောင်း ရခို်င်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ဝင် ဒေါ်ခန်သန်းကပြောသည်။

မြောက်ဦးမြို့သည် ယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်ပြီး ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များ စုစည်းတည်ရှိကာ  ထူးခြားသည့် သမိုင်းဝင်ဒေသတစ်ခုလည်းဖြစ်ရာ ယခုထက်ပို၍ ထိန်းသိမ်းမှုများဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်လျှက် ယူနက်စ်ကိုအကူအညီရယူ၍ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ဒေသတစ်ခုဖြစ်လာရန် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျှက်ရှိနေရာ နေအိမ်များအား ဖြိုဖျက်နိုင်ခြေရှိကြောင်း သတင်းများ ထွက်ပေါ်လာနေသည့်အတွက် မြို့ခံများမှာ စိုးရိမ်မှုများ ဖြစ်ပွားနေကြကြောင်းလည်းသိရသည်။

“ကျွန်မတို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းထဲကိုဝင်တဲ့နေရာမှာ လူနေအိမ်တွေကို ဖယ်ရှားမယ်ဆိုတဲ့စကားသည် နည်းနည်းတော့ အဆင့်ကျော်နေပြီလို့ မြင်ပါတယ်။ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖို့ဆိုတာဟာ ပြည်သူအိမ်တွေကို ဖယ်ရှားမှာမဟုတ်ပါဘူး”ဟု ဒေါ်ခင်သန်းကပြောသည်။

လက်ရှိတွင်မြောက်ဦးမြို့၌ တည်ရှိနေသည့် လူနေအိမ်များမှာ ယဉ်ကျေးမှုဇုန်အဖြစ် သတ်မှတ်ထားသည့်နေရာများတွင်သာ တည်ရှိနေပြီး ထိန်းသိမ်းရေးလုပ်ငန်းများအား အကောင်အထည်ဖော်   ဆောင်ရွက်လာနေချိန်တွင် တံတိုင်းများ၊ ကျံုးများ စသည့်နေရာများနှင့် မလွတ်ကင်းသည့် နေအိမ်များအား ဖယ်ရှားသွားမည်ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။

“ယူနက်စ်ကိုက လာကြည့်တဲ့နောမှာ မြောက်ဦးတစ်ခုတည်းမဟုတ်ပါဘူး။ ဝေသာလီပါတယ်။ ဓညဝတီပါတယ်။ မြောက်ဦး၊ လေးမြို့တို့ပါပါတယ်။ ဒါတွေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ဖို့ အတွက် ဒေသခံတွေကနေပြီးတော့ ပညာရှင်တွေနဲ့ဘယ်လိုပူးပေါင်းမှာလဲ။ အဓိကလိုအပ်တာက ဒေသခံတွေဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် မြောက်ဦးယဉ်ကျေးမှုဇုန်အား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရရေးအတွက် ပြုလုပ်လျှက်ရှိနေရာ ရခိုင်ပြည်နယ််အစိုးရအဖွဲ့အနေဖြင့်လည်း   မြောက်ဦးမြို့သစ်တည်ဆောက်ရေး အတွက် ပြင်ဆင်လျှက်ရှိပြီး မြို့သစ်တည်ဆောက်မှုအတွက် ယဉ်ကျေးမှုအမွေအနှစ်ဧရိယာနှင့် လွတ်ကင်းသည့် မြောက်ဦးမြို့၏ မြောက်ဘက် တစ်မိုင်ခွဲခန့်အကွာ နေရာတွင် မြေဧက ၂၇၀၀ ခန့်လျာထားပြီးဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဦးညိမ်းလွင်ကပြောသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...