ဘတ်ဂျက်ကျပြီးမှသာ ဒေသန္တရ JMC အဖွဲ့များ ဖွဲ့ပေးမည်

ဘတ်ဂျက်ကျပြီးမှသာ ဒေသန္တရ JMC အဖွဲ့များ ဖွဲ့ပေးမည်
by -
မဇ္ဈိမ
အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲလေ့လာစောင့်ကြည့်ရေးဒေသန္တရ အဖွဲ့များကို ဘတ်ဂျတ်ကျပြီးမှ ဖွဲ့စည်းပေးသွားမည်ဟု JMCU မှ အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါး က ပြောသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲလေ့လာစောင့်ကြည့်ရေးကော်မတီ (JMC) ၏ ကိုးကြိမ်မြောက် ဆွေးနွေးပွဲအပြီးတွင် မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

"သက်ဆိုင်ရာ JMCS (တိုင်းနှင့်ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်ဆဲရေးဆိုင်ရာ ပူးတွဲလေ့လာစောင့်ကြည့်ရေးကော်မတီ) တွေကနေ ဒေသန္တရအဆင့် JMC ကို ဘယ်နေရာမှာ လုပ်သင့်တယ် ဆိုပြီးတော့ သူတို့ဒေသအလိုက် တင်ပြထားတာ ရှိပါတယ်။ ဒါပေမဲ့ သူတို့တင်ပြထားတဲ့ဟာမှာလည်း ၁၀ ခုထက်မက ရှိနေတယ်ပေါ့" ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲလေ့လာစောင့်ကြည့်ရေးကော်မတီ (JMC) ၏ အတွင်းရေးမှူး (၁) ဒေါက်တာရွှေခါး ကပြောသည်။

အဆိုပါဒေသန္တရ ပူးတွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ များတွင် လေ့လာစောင့်ကြည့်ရေးအတွက် အရပ်သား လုပ်အားပေးများကို ခန့်အပ်သွားမည်ဖြစ်ပြီး မည်သည့်နေရာဒေသတွင် ဒေသန္တရ JMC အဖွဲ့များ ထားရှိမည်ကို မဆွေးနွေးရသေးသော်လည်း ၁၀ နေရာအထိ ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။

ဒေသန္တရ JMC အဖွဲ့များအတွက် ကုန်ကျစရိတ်ကို ပစ်ခတ်ရပ်စဲမှုလေ့လာစောင့်ကြည့်ရေးကော်မတီ (JMC) ဘတ်ဂျက်ထဲမှ ကျခံသွားမည်ဟု သိရသည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...