စစ်တွေကမ်းခြေမှ သဲထုတ်ယူမှုများ မပြုလုပ်ရန် ဒေသခံအဖွဲ့အစည်း ၁၀ ခုမှ ကန့်ကွက်

စစ်တွေကမ်းခြေမှ သဲထုတ်ယူမှုများ မပြုလုပ်ရန် ဒေသခံအဖွဲ့အစည်း ၁၀ ခုမှ ကန့်ကွက်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ်၏ မြို့တော်၊ စစ်တွေကမ်းခြေသည် အများပြည်သူများ၊ ကျောင်းသူ ကျောင်းသားများ၊ နိုင်ငံခြားဧည့်သည်များ အလွယ်တကူ လာရောက်အပန်းဖြေနေကြသည့် ကမ်းခြေတစ်ခုဖြစ်သည့် အတွက် ယင်းနေရာမှ သဲထုတ်ယူမှုများ မပြုလုပ်ရန် ကန့်ကွက်စာတစ်စောင်ကို ဖေဖေါ်ဝါရီ ရ ရက်နေ့စွဲဖြင့် ဒေသခံအဖွဲ့အစည်း ၁၀ ခုက ပြည်နယ်အစိုးရအဖွဲ့ သို့ ပေးပို့ခဲ့သည်။

အဆိုပါကမ်းခြေမှ သဲများအား ကုလားတန်မြစ် အနောက်ဘက်ခြမ်း၊ စစ်တွေမြို့ဧရိယာအတွင်း ကိုးရီးယားနိုင်ငံပိုင်ကုမ္ပဏီတစ်ခုမှ တည်ဆောက်လျှက်ရှိသည့် စီးပွားရေးလုပ်ငန်း၏   မြေယာ ဖော်ဆောင်ရေး လုပ်ငန်းတွင် မြေဖို့ရန်အတွက် တူးယူရန် စီစဉ်နေခြင်းလည်း ဖြစ်သည်။

“ ဒီကမ်းခြေဟာ အများပြည်သူ အပန်းဖြေတဲ့ ကမ်းခြေဖြစ်တယ်။ နောက် သဲထုတ်လိုက်ရင် သဘာဝပါတ်ဝန်းကျင်တွေ ပျက်စီးလာနိုင်တယ်။ ပြီးတော့ အရင်က သဲထုတ်တာတွေကိုလည်း တားဆီးထားတာ ဖြစ်ပါတယ်။ ဒီနေရာဟာ အားကစားလုပ်ကြတဲ့ နေရာလဲဖြစ်တယ်။ ပြီးတော့ အပင်တွေလဲ သေဆုံးသွားနိုင်တဲ့အနေအထားရှိပါတယ်။ ဒါကြောင့် အခုလို စာထုတ်ပြီး တားဆီး ရခြင်းဖြစ်ပါတယ်” ဟု စိမ်းပြာ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဦးမိုးကျော်က ပြောသည်။

ကမ်းခြေမှ သဲထုတ်ယူရန်စီစဉ်နေခြင်းမှာ ကိုးရီးယား ကုမ္ပဏီ BXT International Company Limited ၏ စစ်တွေမြို့နယ်အတွင်း မြေယာ ဖော်ဆောင်ရေးအတွက် လိုအပ်သည့်မြေကွက်များကို ရရှိလာရန်အတွက် ဆောင်ရွက်နေခြင်း ဖြစ်သည်။

“ ဒီကမ်းခြေဟာ သဘာဝကမ်းခြေဖြစ်ပါတယ်။ ဒီနေရာကနေ သဲတွေကို တူးလိုက်မယ်ဆိုရင် သဘာဝတွေ ပျက်စီးသွားလိမ့်မယ်။ ဒါကြောင့် တားဆီးရတာဖြစ်ပါတယ်။”ဟု စစ်တွေမြို့နယ်မှ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ နိုင်နိုင်က ပြောသည်။

စစ်တွေကမ်းခြေမှာ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများနှင့် နိုင်ငံခြားဧည့်သည်များ လာရောက် အပန်းဖြေသည့် နေရာတစ်ခုလည်း ဖြစ်သည်။

April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...