မောင်တောမြို့၌ စိတ်ကြွဆေးပြား ၂သိန်းနီးပါး ထပ်မံ ဖမ်းဆီးရမိ

မောင်တောမြို့၌ စိတ်ကြွဆေးပြား ၂သိန်းနီးပါး ထပ်မံ ဖမ်းဆီးရမိ
 နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ
နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ
 ဖေဖော်ဝါရီ ၄ ရက်တွင် မောင်တောမြို့ ၆ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ WY ဆေးပြား ၂ သိန်းနီးပါး ဖမ်းဆီးရမိခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့ထုတ်ပြန်သည်။

မောင်တောမြို့ ၆ မိုင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌  ဘူးသီးတောင်မှ မောင်တောသို့ မောင်းနှင်လာသည့် ဆိုင်ကယ် ၂ စီးတွင် တင်ဆောင်လာသည့် ကျောပိုးအိတ် ၂ လုံးအတွင်းမှ WY ဆေးပြား ၁၉၅,၀၀၀ (တစ်ပြားလျင် ၂၀၀၀ ကျပ်နှုန်းဖြင့် တန်ဖိုး ကျပ်သိန်းပေါင်း ၃၉၀၀) အား ဖမ်းဆီးရမိခဲ့သည်။

ဆိုင်ကယ်များအား မောင်းနှင်လာသူများမှာ မောင်တောမြို့နယ် မောရဝတီကျေးရွာနေ သန်းဝင်း ၁၉ နှစ်၊ ရွာသာရွာ ကျေးရွာနေ ဇော်မင်းထွန်း ၁၆ နှစ်နှင့် ဖားဝပ်ချောင်း ကျေးရွာနေ မသန်းရီ ၃၈ နှစ်တို့ဖြစ်ကြပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ စိတ်ကြွဆေးပြားများအား မောရဝတီကျေးရွာရှိ မသန်းရီ၏ နေအိမ်သို့ သယ်ဆောင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

မသန်းရီ၏ အစ်ကိုဖြစ်သူ စိုးဝင်းမှ ၎င်းတို့ ၃ ဦးအား စိတ်ကြွဆေးပြားများ ထည့်ထားသော ကျောပိုးအိတ် ၂ လုံးကို အပ်နှံပြီး ဆိုင်ကယ်ဆီဖိုး ၁၀,၀၀၀ ကျပ်စီ ပေးခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့အဖွဲ့သည် ညောင်ချောင်းကျေးရွာမှ မောရဝတီကျေးရွာသို့ အဆိုပါဆေးပြားများ သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စိုးဝင်းနှင့် ဇနီးတို့မှာ ထွက်ပြေးသွားပြီဖြစ်ပြီး ဖမ်းဆီးရမိသူများအား ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူစစ်ဆေးဆောင်ရွက်လျက်ရှိကာ ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း ဆက်လက် ရှာဖွေစုံစမ်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်က မောင်တောမြို့နယ်၊ မြို့မကညင်တန်းရွာမှ ကော်ရီမူလ္လာ၏ နေအိမ်တွင် စိတ်ကြွဆေးပြား နှစ်သိန်းနီးပါး (၁၉၄,၂၅၀) ဖမ်းဆီးရမိခဲ့သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...