လာမည့် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် လျှော့ချ တောင်းခံ

လာမည့် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် လျှော့ချ တောင်းခံ
by -
မဇ္ဈိမ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရသက်တမ်းအတွင်း ပထမဆုံးတောင်းခံသည့် အသုံးစရိတ်ငွေများအနက် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံသည့် အသုံးစရိတ်ပမာဏမှာ ယခင်(၂)နှစ်ထက် လျော့နည်းလာသည်ကို တွေ့ရသည်။

၂၀၁၇-၂၀၁၈ ရသုံးခန့်မှန်းခြေငွေစာရင်းတွင် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားသည့် အသုံးစရိတ်စုစုပေါင်းမှာ ကျပ်ငွေ ၂၉၀၅ ဒဿမ ၁ ၉၅ ဘီလီယံ ဖြစ်သည်။

ပြည်ထောင်စုအဆင့်ဌာနအဖွဲ့အစည်းများက တောင်းခံသည့် အသုံးစရိတ်စုစုပေါင်းမှာ ကျပ်ဘီလီယံ ၂၀,၈၉၆ ဖြစ်ပြီး စုစုပေါင်းအသုံးစရိတ်၏ ၁၃ ဒဿမ ၉၅ရာခိုင်နှုန်းဖြစ်သော ကျပ်ငွေ ၂၉၀၅ဒဿမ ၁၉၅ ဘီလီယံအား ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားခြင်း ဖြစ်သည်။

“၂၀၁၇-၂၀၁၈ခုနှစ်အတွက် ဘဏ္ဍာငွေတောင်းခံမှုဟာ ယခင်(၂)နှစ်ထက် လျှော့နည်းလာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းတင်ပြစဉ် ဇန်နဝါရီ ၃၁ရက်က ပြောကြားသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်များမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၃၀၄၀ဒဿမဝ၈ဘီလီယံဖြစ်ပြီး ၂၀၁၆-၂၀၁၇ခုနှစ်တွင် ကျပ်ငွေ ၂၉၉၀ဒဿမ၅၇ဘီလီယံဖြစ်ကြောင်း ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်တွင် Power Point ဖြင့် ရှင်းပြခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားသည့် အသုံးစရိတ်များအနက် လစာနှင့် စရိတ်များ၊ ပစ္စည်းများ၊ ပို့ဆောင်ရေး၊ အင်ဂျင်နီယာ၊ စက်ရုံ/အလုပ်ရုံများနှင့် စစ်ဆင်ရေးအတွက် သာမန်အသုံးစရိတ်အဖြစ် ကျပ်ငွေ ၁၆၅၄ဒဿမ ၃၃ဘီလီယံ တောင်းခံထားသည်။ ထိုအထဲတွင် စစ်ဆင်ရေးအသုံးစရိတ်အဖြစ် ကျပ်သန်းပေါင်း - ၄၂၀၃ဒဿမ ၅၇ တောင်းခံထားသည်ကို တွေ့ရသည်။

ထို့ပြင် ဆောက်လုပ်ရေးအသုံးစရိတ်၊ စက်ပစ္စည်း အသုံးစရိတ်နှင့် အခြားအသုံးစရိတ်တို့ဖြစ်သည့် ငွေလုံးငွေရင်း အသုံးစရိတ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက တောင်းခံထားသည့် ငွေပမာဏမှာ ငွေကျပ် ၁၂၅၀ဒဿမ ၈၆၅ဘီလီယံ ဖြစ်သည်။

အဆိုပါ ငွေလုံးငွေရင်းအသုံးစရိတ်သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ထက် ၈၆ဒဿမ ၅၃၃ ဘီလီယံ လျော့နည်း တောင်းခံထားသည်ဟု ဗိုလ်ချုပ် မြင့်နွယ်က လွှတ်တော်တွင် ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ရငွေအဖြစ် ကျပ်ငွေ ရ၃ဒဿမ ၁၁၁ဘီလီယံ ရရှိမည်ဖြစ်ကြောင်း ့ ၂၀၁၇-၂၀၁၈ ရသုံးမှန်းခြေငွေစာရင်းတွင် ဖော်ပြထားသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...