ငါးဖမ်းရန် ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေး

ငါးဖမ်းရန် ၀င်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေး
by -
မဇ္ဈိမ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ
 မြန်မာ့ရေပိုင်နက်အတွင်း ငါးဖမ်းရန်ဝင်ရောက်လာသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား ပြစ်ဒဏ်ကျခံနေရာမှ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေးရန် နိုင်ငံတော်သမ္မတရုံးမှ အမိန့်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်၊ မွန်းလွဲ ၂ နာရီခွဲက ဘင်္ဂလားပင်လယ်အော်အတွင်း မြန်မာ့ရေပိုင်နက်အတွင်းတွင် ငါးဖမ်းစက်လှေဖြင့် ၀င်ရောက်၍ ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့နယ်၊ အုန်းကျွန်း ကျေးရွာနေ ရော်ရှီး အူလ္လာနှင့် ငါးဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပြီး ဘူးသီးတောင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံစေခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးအား ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြည်နှင်ဒဏ်ပေးရန် သမ္မတရုံးမှ အမိန့်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အား ဘူးသီးတောင် အကျဉ်းထောင်မှ ဘူးသီးတောင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးပြည်သူ့ အင်အားဦးစီးဌာနသို့ လွှဲပြောင်းခဲ့ကြောင်း သိရသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...