ရှမ်းနှင့် ကချင် ဒုက္ခသည်များအတွက် ရိက္ခာ ပြတ်တော့မည်ဟု ဆို

ရှမ်းနှင့် ကချင် ဒုက္ခသည်များအတွက် ရိက္ခာ ပြတ်တော့မည်ဟု ဆို
by -
မဇ္ဈိမ
ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်အတွင်းရှိ စစ်ရှောင်ပြည်သူများသို့ ဆန်ရိက္ခာ ပေးပို့လှူဒါန်းလိုသူများ ရှိနေသော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲ၊ သွားရောက်လှူဒါန်းနိုင်ရန် အခြေအနေအနေ မပေးခြင်းတို့ကြောင့် ရိက္ခာ ပြတ်လပ်တော့မည်ဟု လူမှုကူညီရေး အဖွဲ့တစ်ခုဖြစ်သော အဖြူရောင်တွဲလက်များ အဖွဲ့က ပြောသည်။

 စစ်ရှောင်ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများက ထောက်ပံ့ပေးနိုင်မှု အခြေအနေနှင့် အခက်အခဲများကို ဇန်နဝါရီလ ၆ ရက် တော်ဝင်နှင်းဆီတွင် ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အဖြူရောင်တွဲလက်များအဖွဲ့က ပြောခဲ့ခြင်း ဖြစ်သည်။

 “ ကချင်ပြည်နယ် မှာဆိုရင် ဒုက္ခသည် ၄ထောင်ဝန်းကျင် လောက်ရှိပါတယ်။ တစ်နေ့ ဆန်လိုအပ်ချက်က အိတ် ၂၀ လောက် လိုအပ်နေပါတယ်” ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ ကိုသီဟမောင်မောင်က ပြောဆိုသည်။

 အဆိုပါ စစ်ရှောင်စခန်းများတွင် ဆန်သိုလှောင်ထားမှုသည် ဇန်နဝါရီလကုန်တွင် လုံးဝပြတ်တောက်သွားမည့်အခြေအနေ ရင်ဆိုင်ရနိုင်ပြီး ယင်းဆန်ပြတ်တောက်သွားလျှင် စစ်ရှောင်ပြည်သူများသည် ဆန်အစား ပြောင်း ကိုသာ စားသောက်ရန် အစားထိုးစားရမည်ဖြစ်ကြောင်း  အဖြူရောင်တွဲလက်များအဖွဲ့က ရိက္ခာအခြေအနေကို ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား တိုက်ပွဲများ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားမှုကြောင့် စစ်ရှောင်ပြည်သူ အရေအတွက် သောင်းနှင့်ချီ၍ ရှိလာခဲ့သည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...