ရခိုင်ကမ်းရိုးတန်းသင်္ဘောများ ပြန်လည် ပြေးဆွဲတော့မည်

ရခိုင်ကမ်းရိုးတန်းသင်္ဘောများ ပြန်လည် ပြေးဆွဲတော့မည်
by -
မဇ္ဈိမ
လူဦးရေ ၁၀၀ ထက်မနည်း သေဆုံးစေခဲ့သည့် ၂၀၁၄ ခုနှစ် အောင်တံခွန် (၃) ရေယာဉ် နစ်မြုပ်မှုအပြီး ရပ်နားထားခဲ့ရသော ရခိုင်ကမ်းရိုးတန်း သင်္ဘောလိုင်းများကို ယခုနှစ်အတွင်း ပြန်လည် ပြေးဆွဲ ခွင့်ပြုမည် ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနမှ သိရသည်။

“အခုလ ရ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ရေကြောင်းဌာနမှာရှိနေတဲ့ ဝန်ထမ်းတွေကို သင်တန်းတစ်ခု ပို့ချခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် သင်္ဘောတွေကို အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်ဖို့အတွက် ရေယာဉ်ဝန်ထမ်းတွေကို မွမ်းမံတဲ့ သဘောပါ။ စွမ်းဆောင်ရည်မြှင့်တင်ဖို့အတွက် လုပ်တာပါ။ သင်တန်းမှာ ပို့ချခဲ့တဲ့ ဘာသာရပ်တွေကတော့ များပါတယ်။ ဘာသာရပ်အလိုက် ခေါင်းစဉ်တွေခွဲပြီးတော့မှ သင်ကြားပို့ချခဲ့တာဖြစ်ပါတယ်။ သင်တန်းပေးတာကတော့ ရေယဉ်မှူး၊ ရေယဉ်အုပ်နဲ့ တက်မကိုင် ၁၅ ဦးကိုပို့ချခဲ့တာဖြစ်ပါတယ်။” ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရခိုင်ဌာနခွဲမှ လက်ထောက်ရေကြောင်း ဌာနမှူးချုပ် ဦးအောင်ကျော်စိုးက ပြောသည်။

ရပ်နားထားသည့် ရေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲနိုင်ရန် ဂျပန်နိုင်ငံ JICA အဖွဲ့အစည်း၏ အကူအညီဖြင့်ဆောင်ရွက်နေခြင်း ဖြစ်သည်။

“အခု ဂျပန်နိုင်ငံက လှူမယ့်သင်္ဘောတွေကတော့ ခရီးသည်သီးသန့်ကိုပဲ ပို့ဆောင်သွားမှာဖြစ်ပါတယ်။ တစ်စီးက လူဦးရေ ၈၀-၉၀ လောက်ဆံ့မယ်။ နောက်တစ်စီးကတော့ ၁၄၀ လောက်ဆံ့မယ်။ နောက်ဆုံးလာမယ့် အစီးကတော့ ဘယ်လောက်ဆံ့နိုင်မယ်ဆိုတာ မသိရသေးဘူး။ တစ်နာရီကို ရေမိုင် ၂၀-၂၅ နှုန်းလောက်နဲ့ပြေးနိုင်မှာဖြစ်ပါတယ်။” ဟု ဦးအောင်ကျော်စိုးက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရေကြောင်းပို့ဆောင်ရေးဌာနပိုင် သင်္ဘောများအား ရပ်နားလိုက်သည့် နောက်ပိုင်းတွင် ရေကြောင်းလိုင်းများကို အဓိထားသယ်ယူနေရသည့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများမှာ ပုဂ္ဂလိကလုပ်ငန်းများနှင့် ဆက်စပ်ပို့ဆောင်နေကြရသည့်အတွက် ကုန်သွယ်မှုစရိတ်များမှာ မြင့်မားစွာပေးဆောင်နေကြရသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...