ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ နေပြည်တော်တွင် တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ နေပြည်တော်တွင် တွေ့ဆုံမည်
by -
မဇ္ဈိမ
 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်အဖွဲ့အစည်းများနှင့် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC-2)တွင် စက်တင်ဘာ ၂၈ရက်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်အစိုးရက စီပွားရေးပိတ်ဆို့အရေးယူများကို ဖြေလျှော့လိုက်သည့် အမေရိကန်ခရီးစဉ်အပြီးတွင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင်များနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမည့် တွေ့ဆုံပွဲတစ်ခုလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရသစ်သက်တမ်းသည် ငါးလခန့်ရှိလာပြီဖြစ်ပြီး အစိုးရက စီးပွားရေးမူဝါဒများကိုလည်း ချမှတ်ထားပြီးဖြစ်သည်။

စက်တင်ဘာ ၂၈ရက်တွင်ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲသို့ တက်ရောက်သတင်းရယူမည့် မီဒီယာများကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက အမည်စာရင်းတောင်းခံလျက်ရှိသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...