နှစ်နိုင်ငံ ပြဿနာများအား ဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်က ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ခေါ်ထား

နှစ်နိုင်ငံ ပြဿနာများအား ဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်က ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ခေါ်ထား
by -
မဇ္ဈိမ
အမေရိကန်နိုင်ငံ နယူးယောက်တွင် ကျင်းပလျက်ရှိသော ရ၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပြင်ပ၌ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာနှင့် မြန်မာနိုင်ငံ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပြန်အလှန်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပြဿနာကိစ္စရပ်အားလုံးအား အပြန်အလှန်ဆွေးနွေးပွဲများမှ တစ်ဆင့်ဖြေရှင်းသွားရန် သဘောတူခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးက အိမ်နီးချင်းနှစ်နိုင်ငံကြား ဖြစ်တည်နေဆဲ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံပြဿနာကိစ္စရပ်များ အပေါ် ဆွေးနွေးပွဲများမှတစ်ဆင့် ဖြေရှင်းသွားရန် သဘောတူညီခဲ့ကြသည်ဟု ဝန်ကြီးချုပ် ဟာစီနာ၏ ပြန်ကြားရေးအတွင်းဝန် Ihsanul Karim က ပြောကြောင်း Dhaka Tribune သတင်းဌာနက ဖော်ပြထားသည်။

တွေ့ဆုံမှုအတွင်း ရိုဟင်ဂျာဆိုသူများ၏ ကိစ္စရပ်အပေါ်တွင် ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်အား ကိုဖီအာနန် ဦးဆောင်စေခြင်းကို ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ကြိုဆိုလက်ခံကြောင်း ပြောသည်။

ဟာစီနာက ၎င်းအနေဖြင့် အကြမ်းဖက်ဝါဒကို လုံးလုံးလက်မခံကြောင်းနှင့် မည်သည့်နိုင်ငံကိုဖြစ်ပါစေ အစွန်းရောက်အကြမ်းဖက်မှုများ ဆန့်ကျင်တိုက်ခိုက်နေခြင်းများကို ဘင်္ဂလားဒေ့ရှ်မြေပေါ်တွင်ဘယ်တော့မှ ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်းလည်း ပြောဆိုခဲ့သည်။

အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်လုပ်ရပ်များ တိုက်ဖျက်ရေးတွင် အခြားသော အိမ်နီးချင်းနိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထိရောက်စွာပူးပေါင်းဆောင်ရွက်နေကြောင်းကို ရှိတ်ဟာစီနာက ဥပမာပေး၍လည်း ပြောခဲ့သည်။

၎င်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...