လေတပ် ကာကွယ်ရေးဦးစီးချုပ်မှ ပူးတွဲတာဝန်ယူထားသည့် ညှိနိူင်းကွပ်ကဲရေးမှူး (ကြည်း ၊ရေ၊လေ) ရာထူးနေရာ၊ တပ် မတော် စစ်ဘက်ရေးရာ လုံခြံုရေးအရာရှိချုပ်နေရာ၊စစ်ဥပဒေချုပ်နေရာတို့အပါအဝင် တပ်ထိန်းချုပ်နှင့် တိုင်းမှူး ၊ တပ်မ မှူး နေရာ အချို ့ တို့ပြောင်းလဲ တာဝန်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရာထူးအပြောင်းအလဲကြောင့် တပ်မတော် စစ်ဘက်ရေးရာ လုံခြံုရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦး က တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း ၊ရေ၊လေ)၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က တပ်မတော် စစ်ဘက်ရေးရာ လုံခြံုရေးအရာရှိချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က စစ်ဥပဒေချုပ် အဖြစ် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး မြထွန်းဦး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း တပ်မတော် စစ်ဆေးရေး အရာရှိချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စစ်ဥပဒေချုပ် ဗိုလ်ချုပ် ၀င်းမင်းထွန်း တိုင်းမှူး၊ အရှေ့ပိုင်း တိုင်းစစ် ဌာနချုပ် ၊ဗိုလ်ချုပ် သန်းလှိုင် တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ် လင်းအောင် တိုင်းမှူး၊ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဗိုလ်ချုပ် မောင်မောင်စိုး တိုင်းမှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ် သက်ပုံ တိုင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် စသဖြင့်တိုးမြှင့် ပြောင်းလဲခန့်ထားခဲ့သည်ဟုလည်း တပ်မတော်ကာ ကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ပုံစာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၆၇) ကြိမ်မြောက် လွပ်လပ်ရေးနေ့ အခမ်းအနားအား နေပြည်တော် သမ္မတအိမ်ယာအနီးရှိ ဗိုလ်ရှုခံ ကွင်းတွင် ပြုလုပ်ကျင်းပနေသည်ကိုတွေ့ရစဉ်။







