တပ်မတော် ထိပ်တန်း ရာထူးအချို့ အပြောင်းအလဲပြုလုပ်

တပ်မတော် ထိပ်တန်း ရာထူးအချို့ အပြောင်းအလဲပြုလုပ်
by -
မဇ္ဈိမ
ဟောင်ဆာ(ရာမည) အဆိုပါ ဗိုလ်ရှုခံအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ချို့ တက်ရောက်ခဲ့ကြသည်
ဟောင်ဆာ(ရာမည) အဆိုပါ ဗိုလ်ရှုခံအခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ချို့ တက်ရောက်ခဲ့ကြသည်
တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်တို့အား သြဂုတ်လ ၂၆ရက်နေ့တွင် အသီးသီးရာထူးတိုး မြှင့်ခြင်းခံခဲ့ရပြီး  တပ်မတော်အတွင်း ထိပ်တန်းခေါင်းဆောင်များ ရာထူးအပြောင်းအလဲ ပြုလုပ်ခဲ့ခဲ့ကြောင်း သိရသည်။

လေတပ် ကာကွယ်ရေးဦးစီးချုပ်မှ ပူးတွဲတာဝန်ယူထားသည့် ညှိနိူင်းကွပ်ကဲရေးမှူး (ကြည်း ၊ရေ၊လေ) ရာထူးနေရာ၊ တပ် မတော် စစ်ဘက်ရေးရာ လုံခြံုရေးအရာရှိချုပ်နေရာ၊စစ်ဥပဒေချုပ်နေရာတို့အပါအဝင် တပ်ထိန်းချုပ်နှင့် တိုင်းမှူး ၊ တပ်မ မှူး နေရာ အချို ့ တို့ပြောင်းလဲ တာဝန်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရာထူးအပြောင်းအလဲကြောင့် တပ်မတော် စစ်ဘက်ရေးရာ လုံခြံုရေးအရာရှိချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦး က တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း ၊ရေ၊လေ)၊ စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် က တပ်မတော် စစ်ဘက်ရေးရာ လုံခြံုရေးအရာရှိချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က စစ်ဥပဒေချုပ် အဖြစ် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး မြထွန်းဦး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း တပ်မတော် စစ်ဆေးရေး အရာရှိချုပ်၊  ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး စစ်ဥပဒေချုပ် ဗိုလ်ချုပ် ၀င်းမင်းထွန်း တိုင်းမှူး၊ အရှေ့ပိုင်း တိုင်းစစ် ဌာနချုပ် ၊ဗိုလ်ချုပ် သန်းလှိုင် တိုင်းမှူး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ် လင်းအောင် တိုင်းမှူး၊ ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဗိုလ်ချုပ် မောင်မောင်စိုး တိုင်းမှူး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗိုလ်မှူးချုပ် သက်ပုံ တိုင်းမှူး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် စသဖြင့်တိုးမြှင့် ပြောင်းလဲခန့်ထားခဲ့သည်ဟုလည်း တပ်မတော်ကာ ကွယ် ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။ပုံစာ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၆၇) ကြိမ်မြောက် လွပ်လပ်ရေးနေ့ အခမ်းအနားအား နေပြည်တော် သမ္မတအိမ်ယာအနီးရှိ ဗိုလ်ရှုခံ ကွင်းတွင် ပြုလုပ်ကျင်းပနေသည်ကိုတွေ့ရစဉ်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...