ကန္တာရဝတီနယ် စုပေါင်းကေးထျိုးဘိုးပွဲတော် ကျင်းပ

ကန္တာရဝတီနယ် စုပေါင်းကေးထျိုးဘိုးပွဲတော် ကျင်းပ
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ် စုပေါင်း ကေးထျိုးဘိုးပွဲတော်ကို ဧပြီလ ၂၀ ရက်နေ့မှာ ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မနက်အစောပိုင်းမှာ ရိုးရာအရ ကြက် ၊ဝက် ၊ ကျွဲ နဲ့ ပူဇော်တာတွေ ပြုလုပ်ကြပြီး နေ့လည်ပိုင်းမှာတော့ မတူညီတဲ့ ကျေးရွာအသီးသီးကနေ ကယားရိုးရာ ကေးထျိုးဘိုးအကတွေနဲ့ ယှဉ်ပြိုင်ခဲ့ကြတယ်လို့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

"ဒီမနက်ပိုင်းမှာက ကြက်ဝက်တွေနဲ့ ပူဇော်ဖို့ အရင်ဦးဆုံး ကြက်ရိုးထိုးတာတွေ၊ ဝက်ကလီစာ အသဲတွေ ကြည့်ရတာတွေ၊ ပူဇော်ပြီးတော့မှ ဒီနေ့လည်ပိုင်းမှာက အကပြိုင်တာတွေ ရှိတယ်။ အကပြိုင်ပွဲပြီးတဲ့ နောက်မှာက ဆုပေးတဲ့ အခမ်းအနားတွေ ရှိတယ်ပေါ့"လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကြက်ရိုးဗေဒင်အရ ကြက် ၊ ဝက် ၊ ကျွဲ နဲ့ ပူဇော်ပသတဲ့အခြေအနေမှာ အဖြေ ကောင်းမွန်တယ်လို့ ဆိုပါတယ်။

ကေးထျိုးဘိုးရိုးရာ အကကိုတော့ ကျေးရွာပေါင်း ၁၂ ရွာ အပြင် စစ်ရှောင်တချို့လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပထမဆုကိုတော့ ဒေါ်လော်ခူ ကျေးရွာ၊ ဒုတိယဆုကို ထေးနွိုးအော်( ကန်ခုနှစ်ဆင့်) နဲ့ တတိယဆုကိုတော့ ဖဲလျား ကျေးရွာ အသီးသီး ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

အခုလို နိုင်ငံရေးမတည်ငြိမ်တဲ့ကြားက ရိုးရာပွဲကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့နေရာမှာလည်း လုံခြုံရေးအရ စိန်ခေါ်မှုရှိနေကြောင်းကို ပွဲတက်ရောက်လာသူတဦးက အခုလိုပြောပါတယ်။

" နိုင်ငံရေး အခြေအနေတွေ ဘယ်လိုပဲ ဖြစ်နေပါစေ။ ကျနော်တို့ရဲ့ ရိုးရာကို ကျနော်တို့ ထိန်းသိမ်းဖို့ လိုတယ်။ လူငယ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ လိုတယ်။ တဖက်မှာကလည်း အခုလို ပွဲမျိုး ပြုလုပ်ရတဲ့ အချိန်မှာကတော့ လုံခြုံရေးအရ စိန်ခေါ်မှုကတော့ အရမ်းကြီးမားတယ်"လို့ သူက ဆိုပါတယ်။

အဆိုပါ ကန္တာရဝတီနယ် စုပေါင်း ကေးထျိုးဘိုး ပွဲတော် ကို ၅ နှစ်တကြိမ် ကျင်းပပြုလုပ်ကြတာပါ။ 

ဒီအခမ်းအနားပွဲကို လူထု ၂၀၀ ကျော် ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...