ငလျင်ကြောင့် မကွေးတိုင်းအတွင်း ရှေးဟောင်းစေတီများနှင့် နဂါးပွက်တောင်တို့ အပျက်အစီးများ ပြား

ငလျင်ကြောင့် မကွေးတိုင်းအတွင်း ရှေးဟောင်းစေတီများနှင့် နဂါးပွက်တောင်တို့ အပျက်အစီးများ ပြား
by -
မဇ္ဈိမ
သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ငလျှင်လှုပ်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ မင်းဘူး၊ ချောက်၊ ရေနံချောင်းမြို့နယ်တို့ရှိ   ရှေးဟောင်းစေတီပုထိုးများအပါအဝင် အခြားမြို့နယ်များတွင်ပါ ပျက်စီးဆုံးရှုံးမှုများ ပြားခဲ့ ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အချို့က ပြောကြားသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် ၅ နာရီ ၁၇ မိနစ်တွင် လှုပ်ခတ်သွားခြင်းဖြစ်ပြီး အင်အား ရစ်(ခ်)စတာစကေး ၆ဒသ၅ အဆင့်ရှိ ငလျှင်တစ်ခု လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငလျှင် လှုပ်ခတ်မှုသည် နှစ်ပေါင်း ၄၀အတွင်း အပြင်းထန်ဆုံး ဖြစ်ပြီး ငလျှင်လှုပ်ခတ်မှုကြောင့် မကွေး တိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ ရှေးဟောင် စေတီတစ်ဆူဖြစ်သည့် ကျမ်းကိုင်စေတီ ပြိုကျ ပျက်စီးခဲ့ကြောင်း ရေနံချောင်းမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောသည်။

ရေနံချောင်းမြို့နယ် ရှားပင်ရိုး အောက်တောရ ကျေးရွာတွင် ကမ်းပါးပြိုကျမှုကြောင့် နဝမတန်းကျောင်းသူ တစ် ဦးအပါ အဝင် အမျိုးသမီးနှစ်ဦး ပိမိခဲ့ပြီး လက်ရှိတွင် တူးဖော်နေသည်ဟု သတင်းရရှိ ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ချောက်မြို့နယ်၊ စလေမြို့ရှိ ရှေးဟောင်းဘုရားများဖြစ်သည့် သိမ်ဘုရား၊ ရွှေလည်ချောင်းဘုရား၊ ရွှေရည် ကျောင်းဘုရား၊ ရွှေကူမှန်ကင်းဘုရားအပြင် အမည် မ သိဘုရားနှစ်ဆူ ထိခိုက်သွားကြောင်း ချောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမှတ်(၂) ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောသည်။

မင်းဘူးမြို့နယ်တွင်လည်း ရှေးဟောင်း ချမ်းသာအေးဘုရားဝန်းအတွင်းရှိ စေတီ ၂ဆူ စိန်ဖူးတော် မြေခခဲ့ပြီး ၊ နဂါးပွက်တောင် ကမ်းပါးများအက်ကွဲထွက်ခဲ့ပြီး ချော်ရေများ လျှံထွက်ခဲ့သည့်အပြင်   ရှေးဟောင်း ဟန္ဒိူဘုရားကျောင်း တစ်ကျောင်း၏ မုဒ်ဦးပြိုကျခြင်း၊ ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်း ပျက်စီးခဲ့ကြောင်း မင်းဘူးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမှတ်(၁)မှ ဦးကျော်စွမ်းရည်က ပြောသည်။

အဆိုပါ ငလျှင် လှုပ်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများအပြားတွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...