ရခိုင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၏ တင်ဒါရွေးချယ်မှု ဒေသခံ ကုမ္ပဏီများ မကျေနပ်

ရခိုင် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၏ တင်ဒါရွေးချယ်မှု ဒေသခံ ကုမ္ပဏီများ မကျေနပ်
by -
မဇ္ဈိမ
ရခိုင်ပြည်နယ် ၁၇ မြို့နယ်အတွင်း ပညာရေး အဆောက်အဦ လုပ်ငန်း ၁၁၄ ခုအတွက် ကုမ္ပဏီများကို တင်ဒါခေါ်ယူခဲ့ရာတွင် စည်းကမ်း သတ်မှတ်ချက်များ   ကျော်လွန်ုကာ ရွေးချယ်ထားမှုများ ကို မကျေနပ်၍ ပြန်လည်စိစစ်ပေးရန် ဒေသခံကုမ္ပဏီ ၂၆ ခုက  တောင်းဆိုလိုက်သည်။

ပြည်နယ်ပညာရေးဌာန၏ လိုအပ်ချက်အရ တည်ဆောက်ရန် လိုအပ်သည့် အဆောက်အဦများအတွက် ဒေသတွင်း ကုမ္ပဏီများကို ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားကာ တင်ဒါခေါ်ယူခဲ့ပြီး၊ ကုမ္ပဏီ ၂၀၀ ခန့်က လျှောက်ထားခဲ့ကြသည်။

တင်ဒါရွေးချယ်မှုကို "ပြန်လည် တည်ဆောက်ရေးနှင့် စိစစ်ရေးကော်မတီ" မှ ပြုလုပ်ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံသည် ကော်မတီ၏ ဥက္ကဋ္ဌ တစ်ဦးဖြစ်သည်။

“အရင်နှစ်တွေတုန်းကလည်း ချပေးထားတဲ့ ငွေလုံးငွေရင်းနဲ့ ကိုက်ညီမယ့် ကုန်ကျစရိတ်တွေကို တွက်ပြီးတော့ လျှောက်ကြပါတယ်။ ဒီနှစ်မှာလည်း အဲဒီအတိုင်း လျှောက်ကြတာပါ။ ဒီလ ၂၁ ရက်နေ့ အစိုးရ အဖွဲ့ရုံးမှာ တင်ဒါ ဖောက်ပါတယ်။ လျှောက်ထားတဲ့ ကုမ္ပဏီတွေလည်း တော်တော်များများ ရောက်ပါတယ်။ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက မူဘောင် တစ်ခုခုနဲ့ လုပ်မှာဖြစ်တဲ့အတွက် ကုမ္ပဏီတိုင်း ကျောင်းတစ်ကျောင်းစီ ရအောင်လုပ်ပေးမယ်၊ အချက်အလက်တွေ အပေါ်မှာ ပေးထားတဲ့ အမှတ်တွေကိုလည်း အလေးထား ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်းကို ပြောခဲ့ပါတယ်။ ဒါပေမယ့် လုပ်တဲ့အခါ အဲလိုမဟုတ်တော့ဘဲ ရှေ့စကားနဲ့ နောက်စကားမညီဘူး။” ဟု သီရီရွှေအိမ် ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးဖြူမောင်က ပြောသည်။

တင်ဒါရွေးချယ်မှုတွင် လုပ်ငန်းပေါင်း ၁၁၄ ခုအတွက် ကုမ္ပဏီ ၂၀၀ ခန့်မှ ယှဉ်ပြိုင်ခဲ့သော်လည်း အစိုးရအဖွဲ့နှင့် နီးစပ်သည်ဟု သတင်းများ ထွက်ပေါ်နေသည့် ကုမ္ပဏီ အနည်းစုကသာ ရွေးချယ်ခြင်း ခံခဲ့ရသည့်အတွက် ဒေသခံကုမ္ပဏီ ၂၆ ခုမှ သြဂုတ် ၂၂ ရက်နေ့တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်မှ ဖြေရှင်းပေးနိုင်ရန် အသိပေး တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း တစုံတရာ တုံ့ပြန်မှု မရှိသေးကြောင်း သိရသည်။

April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...