၂၁ ရာစုပင်လုံ ကျင်းပရေးအတွက် ပူးတွဲကော်မတီကို အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ် ၁၆ ဦးစီဖြင့် ဖွဲ့စည်း

၂၁ ရာစုပင်လုံ ကျင်းပရေးအတွက် ပူးတွဲကော်မတီကို အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ် ၁၆ ဦးစီဖြင့် ဖွဲ့စည်း
by -
မဇ္ဈိမ
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ကျင်းပနိုင်ရေးအတွက် ပူးတွဲကျင်းပရေးကော်မတီကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ၁၆ ဦးနှင့် နိုင်ငံရေးပါတီများဘက်က ကိုယ်စားလှယ် ၁၆ ဦး စုစုပေါင်း ၄၈ ဦးဖြင့် ဖွဲ့စည်းလိုက်သည်။

၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီ၊ NCAစာချုပ်တွင် လက်မှတ်ထိုးထားသည့်အဖွဲ့၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC၏ DPN ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီကိုယ်စားလှယ်များ၏ သြဂုတ်လ ၂၂ရက်က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေးမှ ဖွဲ့စည်းလိုက်ခြင်းလည်းဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများတွင် ပါဝင်သည့် ၁၆ ဦးအစုအဖွဲ့မှာ NCA စာချုပ်တွင် လက်မှတ်ထိုးထားသည့် အဖွဲ့များမှ ၈ ဦး၊ UNFC အဖွဲ့မှ ရ ဦး၊  မိုင်းလားအဖွဲ့မှ ၁ ဦးပါဝင်သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေနှင့် ၂၁ ပင်လုံတက်ရောက်ဖို့ အစဉ်သင့် ရှိနေကြောင်း သြဂုတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော်လည်း ညီလာခံတက်ရောက်ရန်အတွက် ညှိနှိုင်းစရာများ ကျန်သေးကြောင်း ၂၁ရာစုပင်လုံ ပူးတွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းကပြောသည်။

“အချိန်က ရှိနေပါသေးတယ်၊ ကြားထဲမှာ သူတို့ ဆွေးနွေးမှုတွေ ညှိနှိုင်းမှုတွေ တခြားစီစဉ်ဆောင်ရွက်မှုတွေ ရှိနေတာကြောင့် တက်နိုင်မယ့် အနေအထားတွေရှိနေပါတယ်။ အကုန်လုံးမတက်နိုင်ပေမယ့် ဒုတိယအကြိမ်မှာအဖွဲ့အစည်းတွေ ပိုများလာပါတယ်။ အခုက ကျွန်တော်တို့သေချာတာက ၁၇ ဖွဲ့ကတော့ တက်မှာပါ” ဟု ဖဒိုစောကွယ်ထူးဝင်းကပြောသည်။

UNFC အဖွဲ့အနေနှင့် ပူးတွဲ ကျင်းပရေးကော်မတီမှာ ပါဝင်မည့် ကိုယ်စားလှယ် ရ ဦးကို မရွေးချယ်ရသေးကြောင်း မီဒီယာများနှင့်တွေ့ဆုံစဉ် မှာ ပြောဆိုခဲ့သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...