နောင်ချို တောင်သူ ၁၀ ဦးကို ကော်ဖီခြံမန်နေဂျာက တရားစွဲ

နောင်ချို တောင်သူ ၁၀ ဦးကို ကော်ဖီခြံမန်နေဂျာက တရားစွဲ
by -
မဇ္ဈိမ
 ကော်ဖီစီမံကိန်း ဆောင်ရွက်ရန် သိမ်းယူထားသောမြေကို ပြန်လည်သိမ်းယူခဲ့သည်ဟုဆိုကာ ဒေသခံ တောင်သူ ၁၀ ဦးကို နောင်ချိုမြို့နယ် ကော်ဖီစီမံကိန်း မန်နေဂျာက တရားစွဲဆိုထားသဖြင့် အမှုရင်ဆိုင်နေရကြောင်း တရားစွဲခံထားရသူ နမ့်လင်းခံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးယုံက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ နမ့်လင်းခံကျေးရွာရှိ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စိုက်ပျိုးခဲ့ သည့် လယ်ယာမြေ ၃၆၄ဧကကို ၂၀၀၃ခုနှစ်တွင် နိုင်ငံတော်အစိုးရမှ ကော်ဖီစီမံကိန်းဆောင်ရွက်မည်ဟုဆိုကာ လျှော် ကြေးမပေးဘဲ သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ သိမ်းယူထားပြီး ၂၀၁၄ခုနှစ်အထိ မည်သည့်စီမံကိန်းမှ ဆောင်ရွက်ခြင်းမပြုသောကြောင့် ဒေသခံတောင်သူ ၁၀၀ ဦးခန့် ဝင်ရောက်ထွန်ယက်စိုက်ပျိုးမှုများလုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။

ကော်ဖီစီမံကိန်း ဆောင်ရွက်ရန် သိမ်းဆည်းခံထားရသော်လည်း ဒေသခံတောင်သူများမှာ မြေယာခွန်ကို တစ်နှစ် တစ်ခါ ပေးဆောင်နေရပြီး ၂၀၁၆ နှစ် အတွက်လည်း ပေးဆောင်ထားရသည်ဟု တရားရင်ဆိုင်နေရသူ နမ့်လင်းခံကျေးရွာ အုပ် ချုပ်ရေးမှူး ဦးဖိုးယုံက ဆိုသည်။

"ဘာစီမံကိန်းမှ မလုပ်လို့ တစ်ရွာလုံးပြန်ဝင်စိုက်တယ်။ ဘာကော်ဖီပင်မှမရှိဘူး။ ဘာမှမရှိလို့ ဘာမှသူတို့ ပစ္စည်းမဖျက် စီးခဲ့ဘူး။ တောထ တာတွေရှင်းပြီး ပြန်စိုက်ကြတာပဲ။ အမှန်တကယ် နိုင်ငံတော်ရဲ့ကော်ဖီစီမံကိန်းက အောင်မြင်နေရင် ဘယ်သူမှ ဝင်မစိုက်ဘူး။ နောက်တစ်ချက် ကျွန်တော်တို့ ဒီနှစ်အထိ မြေခွန်ဆောင်နေရတယ်" ဟု ဦးဖိုးယုံက ဆိုသည်။

ဝင်ရောက်ထွန်ယက် စိုက်ပျိုးကြသူများအနက် ဦးဖိုးယုံ၊ ဦးတင့်နိုင်၊ အိုက်ကံ၊ ကိုမျိုး၊ ကိုဘချစ်၊ ဦးတင့်နိုင်် အပါအဝင် တောင်သူ ၁၀ ဦးကို ၂၀၁၄ခုနှစ်ကပင် ပုဒ်မ ၄၄၇၊ ၄၂၇၊ ၅၀၆၊ ၂၉၄ တို့ဖြင့် ကော်ဖီ စီမံကိန်း မန်နေဂျာက တရားစွဲခဲ့ ခြင်း ဖြစ်သည်။

တရားရင်ဆိုင်နေရသူ ဦးတင့်နိုင်ကလည်း ကော်ဖီစီမံကိန်းအတွက် သိမ်းဆည်းထားသည်ဟုဆိုသော်လည်း နှစ်စဉ် မြေ ယာခွန်ဆောင်နေရခြင်းသည် မိမိတို့ပိုင်နေဆဲဖြစ်ကြောင်း သက်သေဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် ဒေသခံ ဦးဇော်ဦးကလည်း "ဒီမြေက ကျွန်တော်တို့ရွာရဲ့ထမင်းအိုးပဲ။ဒါကြောင့် တစ်ရွာလုံးက ဝင်စိုက်တာပဲ။ အမှု ကလည်း နှစ်ချီနေပြီ ဘာမှမထူးဘူး။"ဟု ပြောသည်။

တရားစွဲဆိုခံနေရသည့် တောင်သူများမှာ ၂၀၁၆ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့အထိ ရုံးချိန်းပေါင်း ၅၂ ချိန်းရှိနေပြီဟု လည်း တရားစွဲဆို ခံထားရသူများက ဆိုသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ "အမှုကို အမြန်ဆုံးပြီးပြတ်ဖို့ဆောင်ရွက်နေပါတယ် " ဟု နောင်ချိုမြိူ့နယ် တရားရုံး ပြန် ကြားရေးတာဝန်ခံက ပြောသည်။

သြဂုတ်လ ၁၇ ရက်တွင် နောင်ချိုမြို့နယ် တရားရုံး၌ တရားလို ဦးဝင်းစိုးကို စစ်ဆေးမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...