အာဇာနည်နေ့တွင် ဖုန်း Alarm ဖွင့်ကာ စက္ကန့် ၉၀ ငြိမ်သက်ကြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် တိုက်တွန်း

အာဇာနည်နေ့တွင် ဖုန်း Alarm ဖွင့်ကာ စက္ကန့် ၉၀ ငြိမ်သက်ကြရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် တိုက်တွန်း
by -
မဇ္ဈိမ
ဇူလိုင်လ ၁၉ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မိုဘိုင်းဖုန်း Alarm Ring Tone များဖွင့်ပြီး စက္ကန့် ၉၀ ငြိမ်သက်ခြင်းဖြင့် ၆၉နှစ်မြောက် အာဇာနည်နေ့ကို ပြည်သူများ ပူးပေါင်းပါဝင် ဂုဏ်ပြုရန် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီက ၎င်း၏ ဖေ့စ်ဘုတ်တွင် ရေးသားတိုက်တွန်းထားသည်။

"၁၉.၀၇.၂၀၁၆ ရက်နေ့တွင် ကျရောက်မည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ ၁၀း၃၇ မိနစ်တွင်မိမိတို့၏ မိုဘိုင်းဖုန်း Alarm Ring Tone များဖွင့်၍ လည်းကောင်း၊ ကား၊ ရထား၊ ဆိုင်ကယ်၊ ရေယာဉ်၊ မော်တော်၊ သဘောင်္၊ ဆန်စက်များက ဥသြဟွန်းရှည် စက္ကန့် ၉၀ ဆွဲ ၍လည်းကောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ရောက်ရှိရာနေရာတွင် ငြိမ်သက်ရပ်တန့်၍ လည်းကောင်းကျွန်ုပ်တို့ချစ်ခင်လေးစားရပါသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။" ဟု ရေးသားဖော်ပြထားသည်။

၆၉နှစ်​​မြောက်​ အာဇာနည်​​နေ့တွင်​ တိုင်​း​ဒေသကြီးအစိုးရမှ ပုသိမ်​မြို့၊ ပြည်​​ထောင်​စုကွင်​း အာဇာနည်​​ကျောက်​တိုင်​တွင်​ နံနက်​၇း၃၀နာရီတွင်​ လွမ်​းသူပန်​း​ခွေ့ချပြီး ၁၀နာရီ ၃၇မိနစ်​တွင်​ ပြည်​သူများနှင်​့အတူ အ​လေးပြုမည်​ဖြစ်​​ကြောင်​း လူမှု​ရေးဝန်​ကြီး​ဒေါက်​တာလှမြတ်​​သွေးက မဇ္ဈိမသို့​ပြောသည်​။

အာဇာနည်​​နေ့တွင်​ ပုသိမ်​မြို့လမ်​းဆုံများတွင်​ မီးသတ်​ကားများ၊ လူမှု​ရေးအသင်​းမှ ကားများ ဥသြဆွဲမည်​ဖြစ်​ပြိး၊မြစ်​​ကြောင်​းအတွင်​းမှ သ​င်္ဘောများ ပါဥသြဆွဲမည်​ဖြစ်​သည်​။

ပုသိမ်​မြို့၊မြို့​တော်​ခန်​းမတွင်​ ဗိုလ်​ချုပ်​မိန်​့ခွန်​့များ အာဇာနည်​သီးချင်​းများဖွင်​့လှစ်​ပြီး၊​ကျောင်​းသားများ အာဇာနည်​​နေ့စာစီစာကုံးပြိုင်​ပွဲများ၊ ပြခန်​းများဖွင်​့လှစ်​ပြသထားမည်​ဖြစ်​သည်​။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...