"၁၉.၀၇.၂၀၁၆ ရက်နေ့တွင် ကျရောက်မည့် (၆၉) နှစ်မြောက် အာဇာနည်နေ့ ၁၀း၃၇ မိနစ်တွင်မိမိတို့၏ မိုဘိုင်းဖုန်း Alarm Ring Tone များဖွင့်၍ လည်းကောင်း၊ ကား၊ ရထား၊ ဆိုင်ကယ်၊ ရေယာဉ်၊ မော်တော်၊ သဘောင်္၊ ဆန်စက်များက ဥသြဟွန်းရှည် စက္ကန့် ၉၀ ဆွဲ ၍လည်းကောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ရောက်ရှိရာနေရာတွင် ငြိမ်သက်ရပ်တန့်၍ လည်းကောင်းကျွန်ုပ်တို့ချစ်ခင်လေးစားရပါသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြပါရန် လေးစားစွာပန်ကြားအပ်ပါသည်။" ဟု ရေးသားဖော်ပြထားသည်။
၆၉နှစ်မြောက် အာဇာနည်နေ့တွင် တိုင်းဒေသကြီးအစိုးရမှ ပုသိမ်မြို့၊ ပြည်ထောင်စုကွင်း အာဇာနည်ကျောက်တိုင်တွင် နံနက်၇း၃၀နာရီတွင် လွမ်းသူပန်းခွေ့ချပြီး ၁၀နာရီ ၃၇မိနစ်တွင် ပြည်သူများနှင့်အတူ အလေးပြုမည်ဖြစ်ကြောင်း လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ပြောသည်။
အာဇာနည်နေ့တွင် ပုသိမ်မြို့လမ်းဆုံများတွင် မီးသတ်ကားများ၊ လူမှုရေးအသင်းမှ ကားများ ဥသြဆွဲမည်ဖြစ်ပြိး၊မြစ်ကြောင်းအတွင်းမှ သင်္ဘောများ ပါဥသြဆွဲမည်ဖြစ်သည်။
ပုသိမ်မြို့၊မြို့တော်ခန်းမတွင် ဗိုလ်ချုပ်မိန့်ခွန့်များ အာဇာနည်သီးချင်းများဖွင့်လှစ်ပြီး၊ကျောင်းသားများ အာဇာနည်နေ့စာစီစာကုံးပြိုင်ပွဲများ၊ ပြခန်းများဖွင့်လှစ်ပြသထားမည်ဖြစ်သည်။







