မြန်မာ-ဥရောပ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ အကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူစာချုပ်အတွက် ဥရောပ အသင့်ဖြစ်

မြန်မာ-ဥရောပ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ အကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူစာချုပ်အတွက် ဥရောပ အသင့်ဖြစ်
by -
မဇ္ဈိမ
မန်မာနိင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် မစ္စတာရိုလန်ကိုဘီးယား
မန်မာနိင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် မစ္စတာရိုလန်ကိုဘီးယား
 မြန်မာနိင်ငံနှင့် ဥရောပသမဂ္ဂနိုင်ငံများကြား ရင်းနှီးမြှုပ်နှံမှုများ အကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ်ကို ချုပ်ဆိုနိုင်ရန်အတွက် ဥရောပသမဂ္ဂဘက်မှ အသင့်ဖြစ်နေပြီး မြန်မာအစိုးရဘက်မှ သဘောတူညီမှုကို စောင့်ဆိုင်းနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် မစ္စတာ ရိုလန် ကိုဘီးယားက ပြောကြားသည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုများအကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ်နှင့် ပတ်သက်ပြီး မြန်မာနိင်ငံနှင့် ဥရောပသမဂ္ဂကြားမှာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဆွေးနွေးခဲ့ကာ ညှိနှိုင်းဆွေးနွေးမှုပေါင်း ၃ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီးနောက်  အကြေအလည်ညှိနှိုင်းရမည့် အချက် ၂ ချက်လောက်သာ ကျန်ရှိတော့ကြောင်း မစ္စတာ ရိုလန် ကိုဘီးယားက ပြောဆိုသည်။

ဥရောပသမဂ္ဂအနေသည် မြန်မာနိင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ဆန္ဒရှိနေပြီး ယင်းအကာအကွယ်ပေးခြင်းနှင့် သက်ဆိုင်သည့်  မူဘောင် အတွင်း၌ ဥရောပသမဂ္ဂကအဖွဲ့ဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါ၀င်မည်ဖြစ်သည်။

 မြန်မာအနေဖြင့် ယခုကဲ့သို့  ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူညီမှုကို ဥရောပသမဂ္ဂမဟုတ်သော အခြား ၁၀ နိုင်ငံခန့်နှင့် သဘောတူထားပြီး ဖြစ်သည်ဟု ၎င်းကဆိုသည်။

 မြန်မာနိင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် မစ္စတာရိုလန်ကိုဘီးယား။

April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...
April 28, 2026
မောင်ခက်နွေ — အမျိုးသားစာပေဆုရှင်၊ အငြိမ်းစားကျောင်းဆရာနှင့် နာမည်ကျော် "ရိုးမပေါ်ကျတဲ့မျက်ရည်"...
April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...