အဆိုပါရင်းနှီးမြှုပ်နှံမှုများအကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူညီမှုစာချုပ်နှင့် ပတ်သက်ပြီး မြန်မာနိင်ငံနှင့် ဥရောပသမဂ္ဂကြားမှာ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက ဆွေးနွေးခဲ့ကာ ညှိနှိုင်းဆွေးနွေးမှုပေါင်း ၃ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီးနောက် အကြေအလည်ညှိနှိုင်းရမည့် အချက် ၂ ချက်လောက်သာ ကျန်ရှိတော့ကြောင်း မစ္စတာ ရိုလန် ကိုဘီးယားက ပြောဆိုသည်။
ဥရောပသမဂ္ဂအနေသည် မြန်မာနိင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ဆန္ဒရှိနေပြီး ယင်းအကာအကွယ်ပေးခြင်းနှင့် သက်ဆိုင်သည့် မူဘောင် အတွင်း၌ ဥရောပသမဂ္ဂကအဖွဲ့ဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံ ပါ၀င်မည်ဖြစ်သည်။
မြန်မာအနေဖြင့် ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးခြင်းဆိုင်ရာ သဘောတူညီမှုကို ဥရောပသမဂ္ဂမဟုတ်သော အခြား ၁၀ နိုင်ငံခန့်နှင့် သဘောတူထားပြီး ဖြစ်သည်ဟု ၎င်းကဆိုသည်။
မြန်မာနိင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ် မစ္စတာရိုလန်ကိုဘီးယား။







