ချင်းပြည်နယ် ၏ မြို့တော်ဖြစ်သည့် ဟားခါးမြို့ကို လေယာဉ်ကွင်း တည်ဆောက်ပေးရန်နှင့် တည်ခိုးခန်း ၊၀န်ဆောင်မှု ကောင်းသည့် မြို့တော်အဂါင်္ရပ်နှင့် အညီ city developmet ဖြစ်အောင်ဆောင်ရွက်ပေးလို့ကြောင့် ပြည်သူလူထုမှတင်ပြခဲ့သည် ဟု၎င်းကပြောသည်။
လူထုတွေ့ဆုံပွဲကို ဧပြီ ၁၉ရက်နေ့က ချင်းပြည်နယ် တွင် ဌာနဆိုင်ရာများ၊ ချင်းပြည်နယ် ကိုယ်စားလှယ်များ၊ ကလေးမြို့နယ်ကိုယ်စား လှယ်များ နှင့် လူမှုအဖွဲ့အစည်းများဖြစ်ကြသည့် ကလေးလွင်ပြင်၊ အထက်ချင်းတွင်းဒေသလူငယ်ကွန်ရက်မှ လူငယ်များက တောင်းဆိုခဲ့ခြင်းဖြစ်သည်။
“တွေ့ရှိချက်ကတော့ city development ကိုပြည်သူက အဓိကတောင်းဆိုကြတယ်၊ ကျွန်တော်တို့က ရက်၁၀၀စီမံချက် အနေနဲ့ ပြည်သူအသံနားထောင်တဲ့ ဒါက ပဏမအဆင့် ဆရာတို့ တာဝန်ယူ ၅နှစ်အတွင်း အစိုးရနဲ့ ပြည်သူ ၊ပညာရှင်သုံးဦး အပြောင်းအလဲကို ပုံဖော်ဖို့ ပထမခြေလှမ်းပါ။ အခု ပြည်သူလိုအပ်ချက်အသံကိုနားတောင်ပြီး စီမံချက် တစ်ဆင့်ပြီး တစ်ဆင့်အကောင်ထည်ဖော် ပါမယ်။ ပြည်သူကို မျက်နှာမှု အစိုးရဖြစ်ရပါမယ်”ဟု ၀န်ကြီး ဆလိုင် အိုဇက်ခင်က ကပြောသည်။
မတ်လအတွင်း ချင်းပြည်နယ်အတွင်း မြေပြိုမှုနှင့် သဘာဝ အန္တရာယ် ကျရောက်မှု ကြိုတင်ကာကွယ်နိုင်ရန် မိုးမကျမီကာလအတွင်း ဆည်အောက်ဖက်တွင် နုံးဖမ်းဆည် ၃ ခု တည်ဆောက်ခြင်းအား ရေတိုစီမံချက်အဖြစ် ပြုလုပ်သွားကြမည်ဖြစ်ပြီး၊ ရေရှည်စီမံချက်အဖြစ် ရေလွှဲပြုလုပ်သွားရန် နှင့် သဘာဝဘေးအန္တရာယ် သတင်းအချက်လက်ရယူနိုင်ရန် ဆက်သွယ်ရေးကွန်ရက်ချိတ်ဆက်မှုများ ၊ ကြိုတင်ကာကွယ်မှုများ ပြုလုပ်မည်ဖြစ်သည်ဟု ၎င်းကပြောသည်။
အစိုးရဟောင်းလက်ထက်တွင် သဘာဝမြေပြိုကန်နှင့်ပတ်သက်၍ အစီရင်ခံစာအရ မိုးမကျမီကွင်းဆင်းလေ့လာရန်၊ ဒေသခံများနှင့်တွေ့ဆုံ၍ ကွင်းဆင်းရန်သည် ပြည်သူ့အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်တွင် တစ်ခုအပါအဝင်ဖြစ်သည်။ ချင်းပြည်နယ်အတွင်း မြို့နယ် ၉ခုရှိ ပြီး တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ဒေသဖွံ့ဖြိုးမှု နည်းပါး၍ အဆင်းရဲဆုံးပြည်နယ် ဖြစ်နေသည်ဟု ၎င်းကပြောသည်။
ချင်းပြည်နယ်စည်ပင် သာယာရေး၊လျှစ်စ် နှင့် စက်မှု ၀န်ကြီး ဆလိုင် အိုဇက်ခင်နှင့် လူထုတွေ့ဆုံစဉ်။ (ဓာတ်ပုံ - Salai PP)







