လက်နက်ကိုင်တပ်ဖွဲ့တချို့နှင့် မြန်မာ့တပ်မတော်တို့ အလွတ်သဘောတွေ့ဆုံရန် စီစဉ်

လက်နက်ကိုင်တပ်ဖွဲ့တချို့နှင့် မြန်မာ့တပ်မတော်တို့ အလွတ်သဘောတွေ့ဆုံရန် စီစဉ်
by -
မဇ္စျိမ
 ငြိမ်းချမ်းရေးဆွေးနွေးရန် စတင်ဆွေးနွေးရန် ရခိုင်တပ်မတော်(AA)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF) နှင့် မြန်မာအမျိုးသား ဒီမုုိကရေစီ မဟာမိတ်တပ်ဖွဲ့ (ကုုိးကန့်-MNDAA) တုုိ့နှင့် မြန်မာ့တပ်မတော်ဘက်မှ  ငြိမ်းချမ်းရေးဆွေးနွေးရန် တာဝန်ပေးထားသည့် အငြိမ်းစား ဒုုဗုုိလ်ချုပ်ကြီး ခင်ဇော်ဦးတိုု့ မကြာမီ ရက်ပုုိင်းတွင် ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် အလွတ် သဘောတွေ့ဆုံုဆွေးနွေးကြမည် ဖြစ်သည်။

“ဒါကအလွတ်သဘောဘဲ ကမ်းလှမ်းထားတာတော့ ရှိတယ်။ ဒုုိ့လည်း အဲဒီမှာကတော့ UNFC အနေနဲ့တော့ မဟုုတ်သေးဘူ။ အဓိကအားဖြင့် သူတုုိ့ လက်မခံတဲ့ သုံုးဖွဲ့လေ အဲဒီသုံုးဖွဲ့က ဒီထဲမှာ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးနဲ့ နုုိင်ငံရေး ဆွေးနွေးပွဲမှာ ပါမှ ဖြစ်မယ်လုုိ့ ဒုုိ့ကလည်း ရပ်တည်ထားတာကိုုး အဲတော့ ပါနုုိင်ဖုုိ့ နည်းလမ်းပေါ့ဗျာ။ အလွတ်သဘောတွေ့ဖုုိ့ ကမ်လှမ်းထားတယ်” ဟုု နုုိင်ဟံသာက သတင်းထောက်များကုုိ ပြောသည်။

သုုိ့သော် ၄င်းတုုိ့ တွေ့ဆုံုရန်အတွက် နေ့ရက် သတ်မှတ်ထားခြင်း မရှိသေးသော်လည်း အမြန်ဆုံုး တွေ့ဆုံုသွားရန် သဘောတူညီထားသည် ဟုု သူက ပြောသည်။

UNFC နှင့်တွေ့ဆုံုမဟုုတ်သော်လည်း ၄င်းတုုိ့၏ အဖွဲ့ဝင် ၃ ဖွဲ့နှင့် တွေ့ဆုံုဆွေးနွေးရန်အတွက် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှ ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်ခဲ့သော မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)မှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေနှင့် မွန်ပြည်သစ်ပါတီ(NMSP)မှ ဒုုဥက္ကဌ နုုိင်ဟံသာတုုိ့ ကြားဝင်ညှိနှိုင်းပေးနေခြင်း ဖြစ်ကြောင်း နုုိင်ဟံသာက ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်မတုုိင်မီ တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့အစည်းများအားလုံုး ပါဝင် လက်မှတ်ရေးထုုိးနုုိင်ရန် ဆွေးနွေးညှိနှိုင်းရန် သဘောတူထားပြီး ဖြစ်သည်ဟုု ညီညွတ်သော တုုိင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဒုုဥက္ကဋ္ဌ နုုိင်ဟံသာက ပြောသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...