ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ညှိနှိုင်းအစည််းအဝေး ပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေး ညှိနှိုင်းအစည််းအဝေး ပြုလုပ်မည်
by -
မဇ္စျိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ
နေပြည်တော်(ဧပြီလ ၂၀ရက်၊ ၂၀၁၆ခုနှစ်)။ ။ ဌာနပေါင်း ၂၁ခုဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရေးနှင့်ပတ်သက်ပြီး ဧပြီလ ၂၁ရက်၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများက ညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်သွားမည်ဖြစ်သည်။

သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကာ ကျင်းပပြုလုပ်မည့် အဆိုပါ ညှိနိုင်းအစည်းအဝေးကို သမ္မတအိမ်တော် Bဆောင်ရှိ သမ္မတရုံးဝန်ကြီး အစည်းအဝေးခန်းမတွင် နံနက် ၁၀နာရီအချိန် စတင်မည်ဖြစ်သည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးနှင့်ပတ်သက်ပြီး သမ္မတရုံးဝန်ကြီးဌာန၏ ပြောခွင့်ရသူ ဦးဇော်ဌေးက “ဝန်ကြီးဌာနတွေရဲ့ ဖွဲ့စည်းပုံပေါ့။ ဥပမာ - ဝန်ကြီးဌာနတွေရဲ့ ဖွဲ့စည်းပုံကို ပေါင်းလိုက်တယ်ဗျာ။ နောက်တစ်ခါ တိုင်းရင်းသားရေးရာဝန်ကြီးဆိုတာက အသစ်ဆိုတော့ ဘယ်လိုဖွဲ့စည်းမလဲဆိုတာလုပ်တဲ့ အစည်းအဝေးပါ” ဟု မဇ္ဈိမကို ပြောသည်။

သို့သော် ယင်းအစည်းအဝေးတွင် ပုဂ္ဂလိက သတင်းမီဒီယာများ သတင်းယူခွင့် ရရှိမည်မဟုတ်ပေ။

“ဒါက internal အစည်းအဝေးဖြစ်တဲ့ Bဆောင်မှာလုပ်တဲ့ အစည်းအဝေးဖြစ်လို့ သတင်းယူလို့ မရပါဘူး” ဟု ဦးဇော်ဌေးက ဆိုသည်။

ယခုလဆန်းတွင် စတင်တာဝန်ယူထားသော NLDဦးဆောင်သည့် အစိုးရအနေဖြင့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်က ဖွဲ့စည်းထားသော ဝန်ကြီးဌာနများအား အချို့ကို ဖျက်သိမ်းလိုက်သလို အချို့ဝန်ကြီးဌာနများကို ပေါင်းစပ်ကာ ဝန်ကြီးဌာနပေါင်း ၂၁ခု၊ ဝန်ကြီးဦးရေ ၂၀ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အသစ်ဖွဲ့စည်းလိုက်သည့် “တိုင်းရင်းသားရေးရာဝန်ကြီးဌာန” ကိုမူ မွန်တိုင်းရင်းသား နိုင်သက်လွင် ကို တာဝန်ပေးအပ်ထားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...