မြန်​မာနိုင်​ငံတွင်​ နိုင်​/ကျဉ်း လုံးဝမရှိ​စေရဟု ​ဒေါ်​အောင်​ဆန်​းစုကြည်​​ပြော

မြန်​မာနိုင်​ငံတွင်​ နိုင်​/ကျဉ်း လုံးဝမရှိ​စေရဟု ​ဒေါ်​အောင်​ဆန်​းစုကြည်​​ပြော
by -
မဇ္စျိမ
 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ​ဒေါ်​အောင်​ဆန်​းစုကြည်​သည်​ ​မြန်​မာနိုင်​ငံတွင်​ နိုင်​ငံ​ရေးအကျဉ်​းသား လုံးဝမရှိ​စေရဟု ​ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Stephane Dion နှင့် ဧပြီ ရရက်က တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း Stephane Dionက သတင်းထောက်များအား ပြောသည်။

က​နေဒါနိုင်ငံခြား​ရေးဝန်ကြီး မစ္စတာ Stephane Dionက ရန်​ကုန်​မြို့၊ Chatrium Hotelတွင်​ ဧပြီ ရရက်က ပြည်တွင်း သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

"မြန်မာနိုင်ငံမှာ နိုင်ငံ​ေ​​​​ရးအကျဉ်းသား လုံးဝမရှိ​ေ​စရဘူးလို့ ဒေါ်စု​ေ​ပြာတဲ့အခါ ကြားလိုက်တာနဲ့ မြန်မာ့နိုင​်ငံ​ေ​ရးအ​ပေါ် အ​ကောင်းမြင်မှုေ​​တွ ​တွေ့ရပါတယ်" ဟု မစ္စတာ Stephane Dionက ​ထုတ်​ေ​​ဖာ်​ေ​ပြာကြားခဲ့သည်။

ဧပြီ ၈ရက်တွင်လည်း ဖမ်းဆီးခံကျောင်းသားများအပါအဝင် နိုင်ငံရေးအကျဉ်းသား လေးထောင်ကျော်ကို ပြန်လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

မစ္စတာ Dionသည် မြန်မာနိုင်​ငံတွင်​ ဧပြီ ၆ရက်​မှ ၈ရက်​အထိ သုံးရက်ကြာ ရှိနေမည်ဖြစ်ပြီး ခရီးစဉ်အတွင်း သမ္မတဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်ဖက်အဖွဲ့အစည်းအချို့နှင့် တွေ့ဆုံရန် ရှိနေသည်။

နှစ်ငါးဆယ်တွင်​း​​ မြန်မာနိုင်ငံတွင် ပထမဆုံး ဒီမိုကေ​​​ရစီ အစိုးရ အာဏာရလာပြီး​နောက်​ ပထမအကြိမ် လာရောက်သည့် ခရီးစဉ်ဖြစ်သည်။

က ​နေဒါနိုင်​ငံခြား​ရေးဝန်​ကြီး STEPHANE DION၏ သတင်​းစာရှင်​းလင်​းပွဲကို ဧပြီလ ရရက် ညက ရန်​ကုန်​မြို့ ချက်​ထရီယန်​ဟိုတယ်​တွင်​ ကျင်​းပခဲ့စဉ်။ (ဓာတ်​ပုံ-သက်​ကို၊မဇ္ဈိမ)

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...