အသစ်ခန့်အပ်ခံရတဲ့ ရခိုင်ဝန်ကြီးတစ်ဦး ပါတီမှ ထုတ်ပယ်ခံရဖွယ်ရှိ

အသစ်ခန့်အပ်ခံရတဲ့ ရခိုင်ဝန်ကြီးတစ်ဦး ပါတီမှ ထုတ်ပယ်ခံရဖွယ်ရှိ
by -
မဇ္စျိမ
ယနေ့ ဧပြီ ရ ရက်နေ့တွင် ပြည်နယ်လွှတ်တော်မှ အတည်ပြု ခန့်အပ်ခဲ့ကြသည့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီး ရ ဦးမှ ၁ ဦးကို မိခင်ပါတီမှ ထုတ်ပယ်နိုင်ဖွယ်ရှိကြောင်း ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က မဇ္စျိမကို ပြောကြားခဲ့သည်။

" ကိုယ့်စိတ်သဘော ဆုံးဖြတ်ချက်နဲ့ အစိုးရတာဝန်ကို လက်ခံယူသွားတယ်ဆိုတာ ကျနော်တို့ ပါတီစည်းမျဉ်းစည်းကမ်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာ ရောက်တယ်။ ယခု ၀န်ကြီး ဦးကျော်လွင်က အစိုးရတာဝန်ကို ယူတယ် ဆိုတာ ပါတီရဲ့ ၁/၂၀၁၆ ကြေညာချက်ကို ချိုးဖောက်တဲ့သဘောပေါ့။ ကျနော်တို့ လာမယ့် အနီးဆုံး ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ဒီကိစ္စကို တင်ပြမယ်။ အပြစ်ပေးအရေးယူနိုင်တာကလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဆိုတော့ အဲဒီအစည်းအဝေးပြီးတဲ့အခါ ဦးကျော်လွင်ကို အပြစ်ပေးအရေးယူဖို့ ဆုံးဖြတ်ချက် ထွက်လာပါလိမ့်မယ်။"

ကျောက်ဖြူမဲဆန္ဒနယ် မှ ရခိုင်အမျိုးသားပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်မှာ ပါတီ၏ ၁/၂၀၁၆ နှင့် ၂/၂၀၁၆ ကြေညာချက်များအား ဆန့်ကျင်ကာ အစိုးရအဖွဲ့ဝင် ၀န်ကြီးနေရာကို လက်ခံခဲ့ခြင်းနှင့် ပတ်သက်၍ ၀န်ကြီး ဦးကျော်လွင်က ယခုလို ချေပခဲ့သည်။

"ပါတီကတော့ ကြေညာချက်အရ ၀န်ကြီးနေရာကို လက်မခံစေလိုတဲ့ သဘောပါ။ အခြားတစ်ဘက်မှာ ၁/၂၀၁၆ နဲ့ ၂၀၁၆ တို့ ဆိုတာ ပါတီရဲ့ ကြေညာချက်သာ ဖြစ်ပါတယ်။ မူဝါဒ မဟုတ်ပါဘူး။ ဒီနေ့ချိန်ထိ ကျနော် ပါတီရဲ့ ဘယ်မူဝါဒကိုမှ မချိုးဖောက်ခဲ့ဖူးပါဘူး။ ကြေညာချက်အပေါ်မှာတော့ အယူအဆတွေ ကွဲလွဲကောင်း ကွဲလွဲနိုင်တယ်ပေါ့။ ဒါပေမယ့် ကျနော်တို့အားလုံး ကိုယ့်ဒေသဖွ့ံဖြိုးရေးကို ဦးတည်ကြတာပါပဲ။ ဒီတော့ NLD ရဲ့ မူဝါဒ ပေါ်လစီမှာလည်းပဲ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်တယ်။ ကျနော်တို့ ရခိုင်ပါတီမှာလည်းပဲ ဒီအတိုင်းပဲ။ မူဝါဒ တူတဲ့အတွက် ကျနော် NLD အစိုးရနဲ့ ပူးပေါင်းလက်တွဲတာ ဖြစ်ပါတယ်။"

ဦးကျော်လွင်ကို ရခိုင်ပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သတ္တုနှင့် သစ်တောဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက် နေ့စွဲနှင့် ထုတ်ပြန်ခဲ့သည့် ရခိုင်အမျိုးသားပါတီ၏ ကြေညာချက် ၁/၂၀၁၆ တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် နှင့် ပြည်နယ်အစိုးရအား ANP မှ ဖွဲ့စည်းခွင့်ရရန်နှင့် သို့မဟုတ်ပါက အတိုက်အခံအဖြစ် ရပ်တည်မည်ဟု ရေးသားဖော်ပြပါရှိသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...