အီတလီနှင့် မြန်မာ နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဖော်ဆောင်

အီတလီနှင့် မြန်မာ နှစ်နိုင်ငံအပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ဖော်ဆောင်
by -
မဇ္စျိမ
အီတလီနိုင်ငံခြားရေးဝန်ကြီးမစ္စတာ ပါရိုလို ဂျန်တီလိုနီ နှင့် သမ္မတ ဦးထင်ကျော်၊နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဧပြီ ၆ရက်နေ့တွင် တွေ့ဆုံစဉ်။
အီတလီနိုင်ငံခြားရေးဝန်ကြီးမစ္စတာ ပါရိုလို ဂျန်တီလိုနီ နှင့် သမ္မတ ဦးထင်ကျော်၊နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဧပြီ ၆ရက်နေ့တွင် တွေ့ဆုံစဉ်။
မြန်မာနိုင်ငံနှင့် အီတလီ နှစ်နိုင်ငံကြား အထူးသဖြင့် စိုက်ပျိုးရေး၊ အစားအစာဘေးကင်းလုံခြံုရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်း များ၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍများတွင် အပြန်အလှန်းပူးပေါင်းဆောင်ရွက် လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းတွင် ဧပြီ ရ ရက်က ဖော်ပြသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်ပြီးနောက် ရောက်ရှိလာသည့် အီတလီနိုင်ငံခြားရေးဝန်ကြီး ပါအိုလိုဂျန်တဲလိုနီဆီဗာရီက သမ္မတသစ် ဦးထင်ကျော်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင် အီတလီအစိုးရက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ချေးငွေ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းကို ကတိပြုခဲ့သည်။ အဆိုပါချေးငွေက ပြည်နယ်နှင် တိုင်းဒေသကြီးများမှ ကျေးရွာ ၂၁၅ ရွာတွင် လျှပ်စစ်မီးနှင့် ရေရရှိရေး၊ မိလ္လာစနစ်နှင့် ကျန်းမာရေးဝန်ဆောင်မှုများအတွက် အခြေခံအဆောက်အအုံ စီမံကိန်းများအတွက် ချေးငွေဖြစ်သည်။

မြန်မာအစိုးရ၏ ကျေးလက်ဒေသ ဝင်ငွေတိုးရေးနှင့် ဆင်းရဲမှုလျှော့ပါးရေးအတွက် မြစိမ်းရောင် စီမံကိန်းအပါအဝင် ကျေးလက်ဒေသ ဖွ့ံဖြိုးရေးလုပ်ငန်းများသည် နိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...