အစည်းအဝေးကုုိ KIO ဌာနချုပ် လုုိင်ဇာမြို့တွင် ကျင်းပနေပြီး အဖွဲ့တွင် အရပ်သားများအပါအဝင် ၃၆ ဦး တက်ရောက် ဆွေးနွေးနေပြီး ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)မှ ကုုိယ်စားလှယ်များလည်း တက်ရောက်နေခြင်း ဖြစ်သည်။
အကြံပေးအဖွဲ့တွင် KIOမှ ခေါင်းဆောင် ၅ ဦးနှင့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပုုိင်း၊ ရန်ကုုန်၊ မန္တလေး စသည် နေရာအနှံ့တုုိ့မှ အရပ်သား ပြည်သူလူထုု ၃၁ ဦး အပါအဝင် စုုစုုပေါင်း ၃၆ ဦး ပါဝင်မည် ဖြစ်သည်။
အစိုုးရနှင့် တွေ့ဆုံုဆွေးနွေးရန်အတွက် အဓိက ဖွဲ့စည်းထားခြင်းဖြစ်ပြီး အစုုိးရ မဟုုတ်သော သာမန်အရပ်သားများ၊ နုုိင်ငံရေး ပါတီများတွင် ပါဝင်ခြင်း မရှိသူများနှင့် ငြိမ်းချမ်းရေးတွင် စိတ်ဝင်စား သူများအား ရွေးချယ်ထားပြီး KIO အရပ်ဘက် အရာရှိ ဦးလမာဂွမ်ဖန်း ဦးဆောင်ကာKIOဒုုဥက္ကဋ္ဌ(၂) ဗုုိလ်ချုပ် ဂွမ်မော်၊ ဆရာကြီး ဦးဆွမ်းလွတ်ဂမ်၊ ဗုုိလ်မှူးချုပ် ဇောင်းဘုုတ်ထမ်း၊ ဗုုိလ်မှူးကြီး အင်ဘန်ဘွမ်ဆင်ဝါးတုုိ့ ၅ ဦးနှင့်KIO၏ ကချင်အမျိုးသမီး အစည်းအရုံုးမှ ဒေါ်လဗျ ပန်ဇင်နှင့် ဒေါ်လဖုုိင် ဂျာတောင်တုုိ့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
သမ္မတဦးထင်ကျော်အစုုိးရအဖွဲ့နှင့် နုုိင်ငံရေးဆုုိင်ရာ တွေ့ဆုံုဆွေးနွေးရန်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ၂၀၁၆ ခုုနှစ် ဇန်နဝါရီလက လုုိင်ဇာတွင် ကျင်းပသော လူထုုကုုိယ်စားလှယ်များ ပါဝင်သော အစည်းအဝေးမှ “ငြိမ်းချမ်းရေးနှင့် နုုိင်ငံရေးရှေ့လုုပ်ငန်းစဉ် အကြံပေးအဖွဲ”ကုုိ စတင် ဖွဲ့စည်းလုုိက်ခြင်း ဖြစ်သည်။
ထုုိအစည်းအဝေးကုုိ ဧပြီလ ၆ ရက်မှ ၈ ရက်ထိ သုံုးရက်ကြာ ကျင်းပကာ ယင်းအကြံပေးအဖွဲ့တွင် ပါဝင်သူများ၏ အမည်စာရင်းများကုုိ တရားဝင် ထုုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။







