“ပါတီကွဲပြားရင် စိတ်ဝမ်းကွဲပြားပြီးတော့ မဲအောင်နုုိင်ရေးမှာလည်း အများကြီး ထိခုုိက်တယ်။ ဒါကြောင့်မလုုိ့ ကျွန်တော်တိုု့ က ဘာဘဲဖြစ်ဖြစ် ရေရှည်အတွက် တစ်ပါတီတည်း တည်ထောင်ဖိုု့ အရေးကြီးတယ်လိုု့၊ ပြည်သူတွေရဲ့ တုုိက်တွန်းမှုလည်း ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တုုိ့က ပဏာမ ဆွေးနွေးတာပါ။ အားလုံုးလည်းလက်ခံဖုုိ့ အဆင့်ရောက်သွားပါတယ်”ဟုု သူက မဇ္စျိမကုုိ ပြောသည်။
မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်ရှိ KDP ပါတီရုံးတွင် ဧပြီ၂ ရက်က ပါတီခေါင်းဆောင်များ အစည်း အဝေး ကျင်းပ၍ ပါတီများ ပေါင်းစည်းနုုိင်ရေး လုုပ်ငန်းများ ဖော်ဆောင်ရန် တစ်ပါတီမှ ၅ ဦးစီဖြင့် ၁၅ ဦး ပါဝင်သော လုုပ်ငန်းကာ်မတီ တစ်ရပ်ကုုိလည်း ဖွဲ့စည်းလုုိက်သည်ဟုု ဒေါက်တာတူးဂျာက ပြောသည်။
လာမည့် မေလ အတွင်း ပါတီမှ ထိပ်ပုုိင်းခေါင်းဆောင်များ ထပ်မံ တွေ့ဆုံုဆွေးနွေး၍ ပါတီများ ပူးပေါင်းရေးအတွက် မူဝါဒပုုိင်းဆုုိ်င်ရာ၊ ပါတီအမည်နှင့် အလံ၊အမှတ်တံဆိပ်များ သတ်မှတ်ရေးကုုိ ဆွေးနွေး ဆုံုးဖြတ်သွားမည် ဖြစ်ကြောင်း ဒေါက်တာ တူးဂျာက ပြောသည်။
၂၀၁၅ ခုုနှစ် ရွေးကောက်ပွဲမတုုိင်မီ ကချင်ပါတီများ ပေါင်းစည်းနုုိင်ရေးအတွက် ကချင်လူထုု အသံဖော်ဆောင်ရေး အဖွဲ့(ဖားကန့်)မှ ကြိုးပမ်းရာ အောင်မြင်မှုမရခဲ့သော်လည်း ယခုု သုံုးပါတီ ပေါင်းစည်း၍ ပါတီတစ်ခုုဖြစ်ရေး မူအားဖြင့် သဘောတူခြင်းအပေါ် ဝမ်းသာကြောင်း ကချင်လူထုု အသံဖော်ဆောင်ရေး အဖွဲ့(ဖားကန့်) ဥက္ကဋ္ဌ ဦးလမောင်လတောင်က ပြောသည်။
“အခုုအားလုံုး သဘာတူတယ်လုုိ့ ကြားရလုုိ့ ကျွန်တော်တုုိ့ကချင်ပြည်သူလူထုုတွေ လုုိချင်တဲ့ဆန္ဒလည်းအဲဒါဘဲ။ ပြည်သူလူထုု လုုိချင်တဲ့ အဖြေကလည်း အဲဒါဘဲ။ ဒါကြောင့် သိပ်ကောင်းပါတယ်။ ဒါပေမယ့် တခုုစုုိးရိမ်တာက သူတိုု့ချင်းချင်းအထဲမှာ ရခုုိင်မှာ ဖြစ်တဲ့ ရခုုိင်ပါတီ နှစ်ခုုပေါင်းပြီးတော့ အပြစ်မြင်လာပြီး အချင်းချင်း အပြစ်ပုံုချနေတာ တွေ့ရတယ်။ အဲဒီလုုိ ဖြစ်လာမှာကုုိလည်း စုုိးရိမ်တယ်။ အခုု သုံုးပါတီ စုုစည်းသွားတဲ့သတင်းကြားရလုုိ့ သိပ်ဝမ်းသာတယ်”သူက မဇ္စျိမကုုိ ပြောသည်။
ကချင်ပြည်နယ်တွင် ကချင်တုုိင်းရင်းသားပါတီ ၅ ခုု ရှိရာ လီဆူအမျိုးသားဖွံ့ဖြိုးတုုိးတက်ရေးပါတီ ဒူးလေးပါတီ(LNDP)နှင့် လော်ဝေါ် အမျိုးသား စည်းလုံုးညီညွတ်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ(LNUDP)များကုုိလည်း ပူးပေါင်းလာစေရန် ဆွေးနွေးမှုများ ရှိနေသည်ဟု စုံစမ်းသိရှိရသည်။







