သမ္မတဟောင်း ဦးသိန်းစိန် ရဟန်းဝတ်ပြီ

သမ္မတဟောင်း ဦးသိန်းစိန် ရဟန်းဝတ်ပြီ
by -
မဇ္စျိမ
သမ္မတဟောင်းဦးသိန်းစိန် ရဟန်းခံသင်္ဃန်းစည်းကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဖေ့ဘုတ်စာမျက်နှာတွင် ဧပြီ ၅ ရက်က ဖော်ပြသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါတီထံ သမိုင်းဝင် အာဏာလွှဲပြောင်းပြီးနောက်ပိုင်း လေးရက်အကြာ ဧပြီ ၄ ရက်က ဦးသိန်းစိန်က စတင်သက္ကန်းစည်းခြင်းဖြစ်သည်။

လူမှုမီဒီယာတွင် ဦးသိန်းစိန်၏ သက္ကန်းစည်းပုံများ ပျံ့နှံ့သွားခဲ့သည်။

ပြင်ဦးလွင်မြို့ပြင် ဓမ္မဓိပတိကျောင်းတွင် ဧပြီ ၄ ရက်က ရဟန်းခံခြင်းဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဖေ့ဘုတ်စာမျက်နှာက ဖော်ပြထားသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် ငါးရက်ကြာ ရဟန်းခံ ယူမည်ဖြစ်ကြောင်းလည်း ယင်းဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...