သူရဦးရွှေမန်းဦးဆောင်သည့် ကော်မရှင်တွင် ဦးဝင်ထိန်လည်း တာဝန်ယူ

သူရဦးရွှေမန်းဦးဆောင်သည့် ကော်မရှင်တွင် ဦးဝင်ထိန်လည်း တာဝန်ယူ
by -
မဇ္စျိမ
သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီတွင် အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန်ကို အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ကြောင်း ယနေ ့(ဧပြီ ၅ရက်တွင်) ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့သည်။

12524250 10154195770198128 2852660279626786563 nဦးဝင်းထိန်အပါအဝင် သုံးဦးကို ကော်မတီတွင် မူလတာဝန်ထမ်းဆောင်နေရာမှ တစ်ဆင့် အစိုးရအဖွဲ ့တွင် ပြည်ထောင်စုအဆင့် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရသည့် အတွက် နှုတ်ထွက်သွားသည့် ဒုတိယဥက္ကဋ္ဌ (၂) ရာထူး နှင့် အဖွဲ ့ဝင်သုံးဦးနေရာတွင် အစားထိုး ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

“ဒေါက်တာသန်းဝင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) အားဒုတိယ ဥက္ကဋ္ဌ (၂) အဖြစ် လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းထိန် (ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)၊ ဦးညီထွန်း (အဖွဲ့ဝင်ငြိမ်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့) ၊ ဦးဘိုဝင်း (ညွှန်ကြားရေးမှူးချုပ်ငြိမ်း၊ ပညာရေးစီမံကိန်း နှင့် လေ့ကျင့်ရေးဦးစီးဌာန ပညာရေးဝန်ကြီးဌာန) တို ့အား ခန့်အပ်တာဝန်ပေးမှာဖြစ်ပါတယ် ” ဟု ပြည်ထောင်စုလွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ကြေညာသည်။

ပြည်ထောင်စုအဆင့်အဖြစ်တာဝန်ထမ်းဆောင်ရန် မတ်လ (၃၀) ရက်တွင် ခန် ့အပ်တာဝန်ပေးအပ်ခြင်းခံရသည့် ဒေါက်တာဝင်းမြတ်အေး (ဒုတိယဥက္ကဋ္ဌ ၂) ၊ ဒေါက်တာမြင့်ထွေး (အဖွဲ ့ဝင် ) ၊ ဦးစိုးရယ် (အဖွဲ ့ဝင် ) ၊ ဦးအောင်မြင့် (အဖွဲ ့ဝင်) တို ့လေးဦးသည် ၎င်းတို ့ဆန္ဒအရ သူရဦးရွှေမန်း ဥက္ကဋ္ဌ တာဝန်ယူထားသည့် ကော်မတီမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီတွင် အဖွဲ့ဝင်အသစ်လေးဦး ခန် ့အပ်ခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ကန့်ကွက်သူမရှိသဖြင့် အတည်ပြုခန် ့အပ်လိုက်သည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...