ရခိုင်ပြည်နယ်အတွက် လူမှုဘဝလုံခြုံအောင် ဆောင်ရွက်ပေးမည်ဟု ဦးညီပုပြောကြား

ရခိုင်ပြည်နယ်အတွက် လူမှုဘဝလုံခြုံအောင် ဆောင်ရွက်ပေးမည်ဟု ဦးညီပုပြောကြား
by -
မဇ္စျိမ
ဧပြီ ၁ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းဝေး သတ္တမနေ့မှာ ဦးညီပုက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

အဲဒီနောက်မှာ ရခိုင်ပြည်နယ်အတွက် ပထမဦးဆုံး မိန့်ခွန်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ခုလို ပြောကြားခဲ့ပါတယ်။

"လက်ရှိ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေမှုတွေကနေ အမြန်ဆုံး ကျော်လွှားလွတ်မြောက်နိုင်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးတို့နဲ့အတူ ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားတို့ရဲ့ လူနေမှုဘဝ လုံခြုံစိတ်ချစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အစွမ်းကုန် ကြိုးစားသွားပါမယ်" လို့ ပြောပါတယ်။

မိန့်ခွန်းပြောကြားပြီးနောက် ပြည်နယ်လွှတ်တော်အတွင်း ဝန်ကြီးနေရာများအဖြစ် တိုင်းရင်းသားရေးရာဝန်ကြီးနေရာကို ဦးပုန်းဘွေ၊ နယ်စပ်ရေးရာလုံခြုံရေးဝန်ကြီးအဖြစ် ဦးထိန်လင်းတို့ကို အဆိုတင်သွင်းခဲ့ပါတယ်။

ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးအနက် ၄၁ ဦး တက်ရောက်ခဲ့ပြီး ယခင် ရခိုင်ပြည်နယ် ဝန်ကြီးချူပ် (ငြိမ်း) ဖြစ်တဲ့ အမ်းမြို့နယ် မဲဆန္ဒနယ်က ဦးမောင်မောင်အုန်းမှာ တက်ရောက်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...