NLDအစိုးရနှင့် လက်တွဲဆောင်ရွက်မည်ဟု သမ္မတအိုဘားမား ထုတ်ပြန်

NLDအစိုးရနှင့် လက်တွဲဆောင်ရွက်မည်ဟု သမ္မတအိုဘားမား ထုတ်ပြန်
by -
မဇ္စျိမ
မြန်မာနိုင်ငံသမ္မတ ဦးထင်ကျော်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်နှင့် လက်တွဲဆောင်ရွက်ရန်မျှော်လင့်ကြောင်း အမေရိကန်သမ္မတ အိုဘားမားက မတ်လ ၃၀ရက်တွင် ကြေငြာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

"ဦးထင်ကျော်၏ သမ္မတရာထူးတာဝန် လွှဲပြောင်းရယူလက်ခံခြင်းသည် ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြောက်ခြင်းခံရသော အရပ်သားဦးဆောင်သည့် အစိုးရထံသို့ အသွင်ကူးပြောင်းသည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်မှတ်တိုင်တစ်ရပ်ကို ကိုယ်စားပြုခြင်းဖြစ်ပါသည်" ဟု သမ္မတအိုဘားမား၏ ကြေငြာချက်တွင် ပါရှိသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံသားများအတွက် မိတ်ဆွေမွန်၊ မိတ်ဖက်ကောင်းအဖြစ် ရပ်တည်သွားရန် မျှော်လင့်ကြောင်း သမ္မတအိုဘားမား၏ ကြေငြာချက်တွင် ဖော်ပြထားသလို NLDအစိုးရ ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကိုလည်း သမ္မတအိုဘားမားက ထောက်ပြထားသည်။

"မြန်မာနိုင်ငံရှေ့ခရီးဆက်ရာတွင် ပိုမိုကျယ်ပြန့်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တိုးတက်ဖော်ဆောင်ခြင်း၊ ၎င်းနိုင်ငံသားများအတွက် အခွင့်အရေးနှင့်လွတ်လပ်မှုအတွက် တိုးမြှင့်ဆောင်ရွက်ခြင်းအပါအဝင် သိသာထင်ရှားသည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်ပါသည်" ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

အစိုးရသစ်၏ ရှေ့ဆက်လုပ်ဆောင်မည့် မူဝါဒများကို စောင့်ကြည့်သွားမည်ဟု တိုင်းရင်းသားခေါင်းဆောင်တစ်ချို့က ပြောသည်။

သမ္မတဦးထင်ကျော်ကမူ "အစိုးရသစ်အနေဖြင့် အောက်ပါမူဝါဒများဖြစ်တဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခု ပေါ်ပေါက်ရေးနဲ့ ပြည်သူလူထုအများစုရဲ့ လူနေမှုဘဝအဆင့်တန်း တိုးတက်မြင့်မားရေးတို့ကို အကောင်ထည်ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု ပထမဆုံးပြောကြားသည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောစဉ် မတ်လ ၃၀ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြောဆိုသွားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...