၀န်ကြီးချုပ်နေရာကို မရသဖြင့် ရခိုင်အမျိုးသားပါတီက လွှတ်တော်တွင် ဆန္ဒပြ

၀န်ကြီးချုပ်နေရာကို မရသဖြင့် ရခိုင်အမျိုးသားပါတီက လွှတ်တော်တွင် ဆန္ဒပြ
by -
မဇ္စျိမ
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နေရာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးညီပုကို ခန့်အပ်ဖို့ ဒီကနေ့ မတ်လ ၂၈ ရက်နေ့မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအဝေး ပဥ္စမမြောက်နေ့ကို ရခိုင်အမျိုးသားပါတီက ဆန္ဒပြ သပိတ်မှောက်ခဲ့ကြပါတယ်။

အစည်းအဝေးကို နံနက် ၉ နာရီခွဲမှာ စတင်မှာ ဖြစ်ပေမယ့် လွှတ်တော် ဥက္ကဋ္ဌများ ဖြစ်ကြတဲ့ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် ဦးစံကျော်လှနှင့် ဦးဖိုးမင်းတို့က လာရောက်ခဲ့ခြင်း မရှိသလို၊ ရခိုင်အမျိုးသားပါတီရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အမည်းရောင်စတစ်ကာ ကမ်ပိန်း (Black Sticker Campagin) ကို ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် နံနက် ၁၀ နာရီ ၄၅ မိနစ်မှာတော့ ရခိုင်အမျိုးသားပါတီရဲ့ ကိုယ်စားလှယ်များ အားလုံးဟာ အစည်းအဝေးခန်းမဆောင်ကနေ ထွက်ခွာသွားခဲ့ကြပြီး လွှတ်တော်ခန်းမထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား ကိုယ်စားလှယ်များသာ ကျန်ရစ်ခဲ့ပါတယ်။

ရခိုင်အမျိုးသားပါတီက ဇန်နဝါရီ ၁၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အရ ၀န်ကြီးချုပ်နေရာကို ANP က ခန့်အပ်မှု မပြုရင် အစိုးရအဖွဲ့ကို အတိုက်အခံလုပ်မယ့် ရပ်တည်ချက်ကို ဆက်လက်စွဲကိုင်သွားမှာ ဖြစ်ကြောင်း မနေ့က မတ်လ ၂၈ ရက်နေ့မှာ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်ပြည်စိုးက မဇ္စျိမကို အတည်ပြု ပြောကြားခဲ့ပါတယ်။

NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...
March 30, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယနေ့ (မတ် ၃၀ ရက်) ကျင်းပသည့် ၂၀၂၆...