NLDအစိုးရက ပြည်တွင်းစစ်ပြဿနာကို အဓိကလုပ်ရန် တိုင်းရင်းသားခေါင်းဆောင်များ မျှော်လင့်နေ

NLDအစိုးရက ပြည်တွင်းစစ်ပြဿနာကို အဓိကလုပ်ရန် တိုင်းရင်းသားခေါင်းဆောင်များ မျှော်လင့်နေ
by -
မဇ္စျိမ
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့၏ ဒုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဒုတိယနေ့ကို မတ်လ ၂၅ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေသည်။

ထိပ်သီးအစည်းအဝေး ဒုတိယနေ့တွင် သဘာပတိအဖြစ် ပူးဇင်ကျုံး နှင့် အရံ သဘာပတိများအဖြစ် ရဲဘော်သံခဲနှင့် ဒေါက်တာ နော်ကပေါ်ထူးတို့ လုပ်ဆောင်ခဲ့သည်။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပမှုတွင် NCA လက်မှတ်မရေးထိုးသေးသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ ပါဝင်ရန် လိုအပ်သဖြင့် ၎င်းတို့ ပါဝင်လာရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း ပူးဇင်ကျုံး၏ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း လာမည့် မတ်လ ၃၁ ရက်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ် တက်လာတော့မည် ဖြစ်၍ ကြိုဆိုကြရန် လိုအပ်ကြောင်း ပြောဆိုထားသည်။

“ပြည်သူက ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရ တက်လာတော့မှာ ဖြစ်ပါတယ်။ မိမိတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအနေနဲ့ ဝမ်းပန်းတသာ ကြိုဆိုကြရမှာ ဖြစ်ပါတယ်။ ဒီပြည်သူ့အစိုးရနဲ့လည်း အတူတကွ လက်တွဲ အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဖို့ လိုအပ်ပါတယ်။"ဟု ပူဇင်ကျံုးက ပြောသည်။

NLDသည် ပြည်သူကြားမှ ပေါက်ဖွားလာသည့် ပြည်သူ့ပါတီ ဖြစ်သည်နှင့်အညီ လွတ်လတ်ရေးနှင့်အတူ ဖြစ်တည်လာသည့် ပြည်တွင်းစစ်၏ အရင်းခံပြဿနာကို ပထမ ဦးစားပေးအနေနှင့် လုပ်ဆောင်လာလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစိုးရနှင့် လက်မှတ်ရေးထိုးပြီး ၅ လအတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပနိုင်ခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ပူးတွဲကော်မတီ ဖွဲ့စည်းနိုင်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီ ဖွဲ့စည်းခြင်း၊ နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်များ ရေးဆွဲခြင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပခြင်းများ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဆက်လက်၍ တိုင်းပြည်အကျိုးအတွက် စည်းလုံးညီညွတ်စွာဖြင့် လက်တွဲ လုပ်ဆောင်သွားကြရန် တိုက်တွန်းထားသည်။

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...