အမျိုးသားအဆင့် နုုိင်ငံရေး ဆွေးနွေးမှုများနှင့် ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးတို့ကိုဆောင်ရွက်သွားမည်

အမျိုးသားအဆင့် နုုိင်ငံရေး ဆွေးနွေးမှုများနှင့် ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးတို့ကိုဆောင်ရွက်သွားမည်
by -
မဇ္စျိမ
ဓာတ်ပုံ- ဖနိဒါ
ဓာတ်ပုံ- ဖနိဒါ
အမျိုးသားအဆင့် နုုိင်ငံရေး ဆွေးနွေးမှုများနှင့် ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးတို့ကိုဆောင်ရွက်သွားမည် ဖြစ်ကြောင်း တစ်နုုိင်ငံလုံုး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ် မူကြမ်း(NCA)လက်မှတ် ရေးထုုိးထားသော တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၈ ဖွဲ့က ပြောဆုုိလုုိက်သည်။

ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့တွင် မတ်လ ၂၄ ရက်က စတင်ကျင်းပနေသော ဒုုတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေး၏ ရှေ့လုုပ်ငန်းစဉ်များအတွင်း အမျိုးသားအဆင့် နုုိင်ငံရေး   ဆွေးနွေးမှုများနှင့် ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေးကိစ္စများနှင့် တက်လာမည့် အစိုုးရ သစ်နှင့် ချိတ်ဆက် ဆောင်ရွက်ရေးကိစ္စများ ထည့်သွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ညီလာခံကနေပြီးတော့ ဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်အကြောင်း အရာကုုိ ဦးဆောင်မယ့် လုုပ်ငန်းကော်မတီ ဖွဲ့ရမှာဘဲ။ ဒါပေမယ့် လုုပ်ငန်းကော်မတီ မဖွဲ့နုုိင်ပေမဲ့လည်း ဒါက သဘောတူညီထားတဲ့ မူဘောင်မှာ ပါပြီး သားဖြစ်တဲ့ အတွက်ကြောင့် ဒါကုုိ ဆက်လက် အကောင်အထည်ဖော်နုုိင်ဖိုု့အတွက် အစုုိးရကလည်း ညွှန်ကြားထားပြီးသားဖြစ်တယ်”ဟုု ကရင်အမျိုးသား အစည်းအရုံုး(KNU) မှ အထွေထွေအတွင်းရေးမှူး ပဒိုုကွယ်ထူးဝင်းက ပြောသည်။

အမျိုးသားအဆင့် နုုိင်ငံရေးဆွေးနွေးပွဲသည် တုုိင်းနှင့် ပြည်နယ်အလုုိက် အားလုံုးပါဝင်ရေး မူကုုိ အခြေခံထားခြင်း ဖြစ်ပြီး တုုိင်းနှင့် ပြည်နယ်များရှိ အောက်ခြေ လူထုုလူ တန်းစားများအား စီးပွားရေး၊ နုုိင်ငံရေးနှင့် ဖက်ဒရယ် စသည့်ကိစ္စများပေါ် အမြင်သဘောထားများ ရယူ၍ ၄င်းတိုု့ လုုိလားသည့် ဆန္ဒအရ တုုိင်းရင်းသား အဖွဲ့အစည်းများက ပြန်လည် စုုစည်းမှု ရယူကာ ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံတွင် တင်ပြကာ အမျိုးသားအဆင့် နုုိင်ငံရေး ဆွေးနွေးပွဲတွင် ဆုံုးဖြတ်ချက် ချရမည် ဖြစ်ကြောင်း ၎င်းက သတင်းထောက်များကုုိ ပြောကြားသည်။

တက်လာမည့် အစုုိးရသစ်၏ ငြိမ်းချမ်းရေးတည်ဆောက်မှု ပေါ်လစီ တိတိကျကျ မသိရသေးသဖြင့် ငြိမ်းချမ်းရေး တည်ဆောက်မှု၏ ဖြစ်စဉ်များကုုိ ပြန်လည် သုံုးသပ်ခြင်း၊ နုုိင်ငံရေး ဆွေးနွေးမှု မူဘောင်တွင် ပါဝင်မည့် အစုုအဖွဲ့၊ အချိုးအစားများကုုိ ပြန်လည် လုုပ်ဆောင်နုုိင်ကြောင်း ၎င်းကရှင်းပြသည်။

“အစုုိးရသစ်က ဒီလုုိလုုပ်ဆောင်တဲ့ နေရာမှာ ကျွန်တော်တုုိ့သဘောတူညီမှု ရှိထားတာက ဒီနုုိင်ငံရေး တွေ့ဆုံု ဆွေးနွေးမှု အစုုအဖွဲ့ အကုုန်လုံုးရဲ့ သဘောတူညီမှုကုုိ လက်ခံရမယ်။ ဒုုတိယအချက်က အန်စီအေကုုိ အခြေခံရမယ်။ ဒီဂွင်အတွင်းမှာဘဲ လုုပ်ရမယ်၊ ဒါကိုု ချိတ်ဆက်ပြီးတော့ လုုပ်သွားမှာပေါ့”ဟုု ပဒုုိကွယ်ထူးဝင်းက ပြောသည်။

ထိုု့ပြင် နုုိင်ငံရေး မူဘောင်အရ ပြည်ထောင်စုု ငြိမ်းချမ်းရေး ညီလာခံကုုိ ကျင်းပရန်အတွက် ညီလာခံ တစ်ခုုနှင့် တစ်ခုုကြားတွင် ၄ လအကြာတွင် ကျင်းပရမည် ဖြစ်သော်လည်း ဒုုတိယအကြိမ်   ပြည်ထောင်စုု ညီလာခံကုုိ ကျင်းပရမည် ဖြစ်ကြောင်း ပထမနေ့ အစည်းအဝေးတွင် အရံသဘောပတိအဖြစ် တာဝန်ယူခဲ့သော ပအုုိဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက သတင်းထောက်များကုုိ ပြောသည်။

“သုုိ့သော် လက်ရှိ ဖြစ်နေတဲ့ အာဏာလွှဲပြောင်းရေး အခြေအနေအရ အချိန်ကာလတခုုက ကြာကောင်းကြာသွားနုုိင်တယ်။ ဒါပေမယ့် သိပ်အကြာကြီး ထားလုုိ့ မရဘူး။ ဒုုတိယ အကြိမ် ညီလာခံကုုိ ကျနော်တိုု့ ကျင်းပရမှာဖြစ်တယ်။ မကျင်းပမီစပ်ကြားမှာ  ပြည်ထောင်စုု အစုုိးရနဲ့ လက်မှတ်မထုုိးရသေးတဲ့ ကျွန်တော်တ်ိုု့ ညီနောင်တွေကြားမှာ အန်စီအေ အပေါ်မှာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာဖိုု့အတွက် အားလုံုးက ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”ဟုု သူက ပြောသည်။

ပြည်ထောင်စုု ညီလာခံ ကျင်းပမည် ဆုုိပါက သဘောတူညီမှု ရရှိထားသော နုုိင်ငံရေးမူဘောင်များအပေါ် ပြင်ဆင်ခြင်း၊ ပြောင်းလဲနိုုင်သည်ဟုု သဘောတူညီခဲ့သော်လည်း အာဏာ ရလာမည့် အမျိုးသား ဒီမုုိကရေစီအဖွဲ့အချုပ် (NLD)အနေဖြင့် နုုိင်ငံရေးမူဘောင်များအပေါ် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ဦးခွန်မြင့်ထွန်းက ပြောသည်။

ထုုိထိ်ပ်သီးခေါင်းဆောင် အစည်းအဝေး ကျင်းပပြီးနောက် NCA လက်မှတ်မထုုိးသေးသည့် တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံု ဆွေးနွေးနုုိင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သူက ပြောဆုုိသည်။

ပထမနေ့ အစည်းအဝေးတွင် တုုိင်းရင်းသားလက်နက်ကုုိင် အဖွဲ့အစည်းမှ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ (EAO CT) အပစ်ရပ်စာချုပ် စောင့်ကြည့်ရေး ပူးတွဲကော်မတီ(EAO JMC)နှင့် ပြည်ထောင်စုု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီ(EAO UPDJC)တုုိ့မှ အစီရင်ခံစာများ တင်သွင်းခြင်းနှင့် တက်လာမည့် အစုုိးရနှင့် ချိတ်ဆက်ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့သည်ဟုု သိရသည်။

ထုုိင်းနုုိင်ငံ ချင်းမုုိင်မြို့ရှိ Khum Phucome ဟုုိတယ်တွင် ပြုလုုပ်နေသော NCA လက်မှတ်ရေးထုုိးထားသော တုုိင်းရင်းသား လက်နက်ကုုိင် အဖွဲ့အစည်း ၈ ဖွဲ့မှ ကုုိယ်စားလှယ်များနှင့် လေ့လာသူများ အပါအဝင် ၅၀ ကျော် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။ ပထမနေ့ သဘာပတိများအဖြစ် RCSS ဥက္ကဋ္ဌ ဒုုဗုုိလ်ချုပ်ကြီး ယွပ်ဆစ်၊ PNLO ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းနှင့် ALP မှ ဒုုဥက္ကဋ္ဌ ဦးခုုိင်စုုိးနုုိင်အောင်တုုိ့ ဆောင်ရွက်ခဲ့သည်။

ဓာတ်ပုံ- ဖနိဒါ

ဓါတ်ပုံ - လုံးလေမြို့ဆီဆိုင်မှ မြန်မာပြည်ဘက်သို့ မှောင်ခိုပို့မည်စက်သုံးဆီများဖမ်းဆီးနေစဥ်။
April 4, 2026
ပါခွီး — မြန်မာနိုင်ငံသို့ တရားမဝင် တင်ပို့မည့် စက်သုံးဆီ လီတာ ၇,၆၂၀ ကျော် အိန္ဒိယနိုင်ငံ၊...
ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...