နိုင်ငံရေးအကျဉ်းသားမရှိသည့် ခေတ်မျိုး လိုချင်သည်ဟု မင်းကိုနိုင်ပြော

နိုင်ငံရေးအကျဉ်းသားမရှိသည့် ခေတ်မျိုး လိုချင်သည်ဟု မင်းကိုနိုင်ပြော
by -
မဇ္စျိမ
 နိုင်ငံရေး အကျဉ်းသားမရှိသည့်ခေတ်ကို လိုချင်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားလိုက်သည်။

မတ်လ ၂၃ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ကျဆုံးနိုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ဒုတိယအကြိမ် ဂုဏ်ပြုပွဲ တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

" နိုင်ငံ ရေး နဲ့ ပတ်သက်ရင် နောက်နောင်မှာ အကျဉ်းသားမရှိတော့တဲ့ ခေတ်ထိရောက်အောင် ကျွန်တော်တို့ လိုချင် ပါတယ်။ နိုင်ငံရေးက သက်သက် အကျဉ်းသားက သက်သက် ခွဲထုတ်လိုက်ချင်ပါပြီ"ဟု ၎င်းက ပြောသည်။

ဂုဏ်ပြုပွဲအခမ်းနားတွင် ကျဆုံးနိုင်ငံရေးအကျဉ်းသား ၆၁ ဦး၏ မိသားစုဝင်များအား ဂုဏ်ပြုငွေ ကျပ် (၅) သိန်းနှင့် မှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

အခမ်းနားတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင် က လည်း " ကျွန်တော်တို့နိုင်ငံမှာ နိုင်င့ရေးအကျဉ်းသားဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ အခမ်းအနားတွေ လုပ်နေ ရတာ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်း ကျွန်တော်တို့ လူထုရဲ့ ဂုဏ်သိက္ခာကို များစွာ ထိခိုက်ပါတယ်"ဟု ပြော ကြားခဲ့သည်။

အဆိုပါ ဂုဏ်ပြုပွဲအခမ်းနားကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်ပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊   နိုင်ငံရေးအကျဉ်းသားဟောင်းများ တက်ရောက်ခဲ့ကြသည်။

၂၀၁၄ခုနှစ် ဇန်နဝါရီလ ၂ရက်နေ့တွင် ပထမအကြိမ်အဖြစ် ကျဆုံးသူရဲကောင်း ၅၅ ဦး အတွက် တစ်ဦးလျှင် ကျပ် (၁၀) သိန်းနှင့် ဂုဏ်ပြုလက်မှတ်တစ်ခုစီအား မိသားစုဝင်များကို ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

May 2, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ရှေ့နေအဖွဲ့ တွေ့ဆုံခွင့်ရရေးသည်...
May 1, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့၏ ဧပြီ ၃၀  ရက် လွတ်ငြိမ်းတွင် “နိုင်ငံရေးအကျဉ်း သား (...
April 30, 2026
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ ဇီးဖြူကောင်း ရွာနှင့် ရေပုတ်ရွာများရှိ...
April 29, 2026
Zee Tee — အာရက္ခတပ်တော် (AA)နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့...